(အားကစား) ဖေဖော်ဝါရီ ၂၃

လာမည့် နွေရာသီကစားသမားအပြောင်းအရွှေ့ကာလတွင် မန်စီးတီးအသင်း က ဒီဘရိုင်း၊ ဂရီး လစ်ချ်တို့ အပါအ၀င် ဝါရင့်ကစားသမား ရှစ်ဦးခန့်ကို ရောင်းချပြီး လူငယ်ကစားသမားများနှင့် ပြန်လည်အစားထိုးပြီး အသင်းကို ပြန်လည်ပြင်ဆင်ဖွဲ့စည်းရန် ပြင်ဆင်လျက်ရှိနေကြောင်း သိရပါတယ်။
မန်စီးတီးအသင်းကို နည်းပြ ဂွါဒီယိုလာ တာဝန်ယူကိုင်တွယ်ခဲ့ပြီးနောက် အသင်းကိုကစားသမားကောင်းများနှင့်ဖွဲ့စည်းခဲ့ပြီး ဆုဖလား များစွာ ကို ဆွတ်ခူးနိုင်ခဲ့သော်လည်း ယခုနှစ်ဘောလုံးရာသီတွင် ကာလရှည်အားထားခဲ့ရတဲ့ ကစားသမားများ ခြေစွမ်းပိုင်း ကျဆင်းမှုများကြောင့် အသင်းရလဒ်ပိုင်းများလည်း ဆက်တိုက်ဆိုးရွားလာ ခဲ့ခြင်းဖြစ်ပါတယ်။
မန်စီးတီးအသင်းတွင် ကာလရှည်အဓိက ကစားသမားအဖြစ် အားထားခဲ့ရသည့် ကစားသမားများတဲ့ ဒီဘရိုင်း၊ ဂရီးလစ်ချ်၊ ဘာနာဒိုဆေးဗား၊ ဂျွန်စတုန်းတို့ အနေနဲ့ ခြေစွမ်းပြသနိုင်ရန် ရုန်းကန်ခဲ့ရပြီးနောက် အသင်း အနေဖြင့်လည်း ရလဒ်ပိုင်းများပါ ယိမ်းယိုင်လာခဲ့ပါတယ်။
ဒါကြောင့် မန်စီးတီးအသင်းနည်းပြ ဂွါဒီယိုလာက လာမည့် နွေရာသီကစားသမား အပြောင်းအရွှေ့ကာလမှာ ဒီဘရိုင်းကိုအလွတ်ပြောင်းရွှေ့ကြေးနဲ့ ထွက်ခွာမှာ ဖြစ်တဲ့အပြင် နောက်ထပ် ကစားသမားများဖြစ်တဲ့ ဂရီးလစ်ချ်၊ ဘာနာဒိုဆေးဗား၊ ဂျွန်စတုန်းအပြင် အငှားချထားတဲ့ ဝေါ်ကာ၊ ဂန်ဒိုဂန်၊ ကိုဗာဆစ်တို့ အပါအဝင်ကစားသမားရှစ်ဦးထိကို အသင်းမှထွက်ခွာခွင့်ပြုကာ လူငယ် ကစား သမားများနှင့် ပြန်လည် အစားထိုးရန် ပြင်ဆင်နေခြင်းဖြစ်ပါတယ်။
Telegram»…
https://t.me/positiveanglenews