တူကီယဲတွင် နှင်းမုန်တိုင်းကြောင့် သယ်ယူပို့ဆောင်ရေးလမ်းကြောင်းများ ပြတ်တောက်သွားပြီး စာသင် ကျောင်းများကိုလည်း ပိတ်ပစ်ခဲ့ရ


(နိုင်ငံတကာ) ဖေဖော်ဝါရီ ၂၃

တူကီယဲနိုင်ငံ အစ္စတန်ဘူမြို့တွင် နှင်းမုန်တိုင်းတိုက်ခတ်မှုကြောင့် သယ်ယူ ပို့ဆောင်ရေးလမ်းကြောင်း များ ပြတ်တောက်သွားပြီး စာသင်ကျောင်းများကိုလည်း ပိတ်ပစ်ခဲ့ရကြောင်း သိရသည်။

နှင်းမုန်တိုင်းသည် အစ္စတန်ဘူမြို့၌ ဖေဖော်ဝါရီလ ၂၀ ရက်မှစတင်တိုက်ခတ်ခဲ့ ခြင်းဖြစ်ပြီး မြို့အတွင်းရှိ စာသင်ကျောင်းများကို နှစ်ရက်ဆက်တိုက် ပိတ်ထားခဲ့ရကြောင်း၊ နှင်းမုန်တိုင်းတိုက်ခတ်မှုကြောင့် အပူချိန်သည် ဖေဖော်ဝါရီလ ၂၁ ရက် တွင် ပိုမိုကျဆင်းခဲ့ပြီး ဆီးနှင်းများကျဆင်းမှုမှာလည်း အမြင့်ဆုံးအဆင့်သို့ ရောက်ရှိလာခဲ့သည်။

မြို့အတွင်း ဆီးနှင်းများကျဆင်းမှုကြောင့် မော်တော်ဆိုင်ကယ်စီးနင်းခြင်းကို တားမြစ်ထားကြောင်း အစ္စတန်ဘူမြို့တော်ဝန် ဒါဗွက်ဂူး က ပြောသည်။

ဆီးနှင်းကျဆင်းမှုကြောင့် အိမ်ခြေမဲ့ ၁,၀၀၀ ကျော်အား ယာယီ ခိုနားဆောင်များသို့ ပို့ဆောင်ထားကြောင်းသိရသည်။

နှင်းမုန်တိုင်းတိုက်ခတ်မှုသည် လာမည့်ရက်သတ္တပတ် အစောပိုင်းအထိ ဆက်လက်ဖြစ်ပွားနိုင်ပြီး အပူချိန်မှာလည်း သုညဒီဂရီအောက်သို့ ကျဆင်းနိုင်ကြောင်း အာဏာပိုင်အဖွဲ့က ခန့်မှန်းထားသည်ဟု ဆင်ဟွာသတင်းဌာန၏ ဖော်ပြချက်အရ သိရသည်။

Telegram»…
https://t.me/positiveanglenews

PAN