(ပြည်တွင်း) ဖေဖော်ဝါရီ ၂၂

ပါကစ္စတန်နိုင်ငံ၊ အစ္စလာမ်မာဘတ်မြို့တွင် ၂၀၂၅ ခုနှစ်၊ ဧပြီလ ၁၆ ရက်မှ ၂၁ ရက်အထိ ကျင်းပပြုလုပ်သွားမည့် 2th ASEAN-Pakistan Business Opportunities Conference တွင် မြန်မာနိုင်ငံမှလုပ်ငန်းရှင်များ တက်ရောက်ရန် ကမ်းလှမ်းထားကြောင်း သိရပါတယ်။
အဆိုပါပွဲတွင် ချည်ထည်နှင့် အဝတ်အစားများ၊ သတင်းအချက်အလက်နှင့် နည်းပညာ၊ သားရေ၊ ငါးလုပ်ငန်း၊ ခွဲစိတ်ခန်းသုံးပစ္စည်းများ၊ အဖျော်ယမကာ၊ အသီးအနှံနှင့် ဟင်းသီးဟင်းရွက်များ အစရှိတဲ့ နယ်ပယ်များမှ လုပ်ကိုင်လျက်ရှိသည့် လုပ်ငန်းရှင်များ တက်ရောက်ကြမှာြဖစ်ပါတယ်။
2th ASEAN-Pakistan Business Opportunities Conference မြန်မာနိုင်ငံမှ စီးပွားရေးလုပ်ငန်းရှင်များအား တက်ရောက်နိုင်ရန်အတွက် အသွား/အပြန်လေယာဉ်လက်မှတ်၊ နေထိုင်စားသောက်စရိတ်နှင့် ပြည်တွင်းသွားလာစရိတ် များကို ASEAN Pakistan Cooperation Fund က ကျခံပေးသွားမှာဖြစ်ပါတယ်။
တက်ရောက်ရန် လျှောက်ထားလိုသူများအနေနဲ့ အမည်၊ ကိုယ်ရေးအချက်အလက်အပြည့်အစုံ၊ Passport ဓာတ်ပုံ တစ်ပုံ၊ နိုင်ငံသား လက်မှတ်မိတ္တူတစ်စုံ(Hard Copy ဖြင့်)တို့ကို ဂျကာတာမြို့ရှိ ပါကစ္စတန်သံရုံးသို့ ပေးပို့နိုင်သလို Soft Copy အား parefjakarta@mofa.gov.pk နှင့် parepjakata@gmail.coml email များသို့ တိုက်ရိုက်ပေးပို့နိုင်မှာ ဖြစ်ပါတယ်။
ဒါ့အပြင် မြန်မာကုန်သွယ်မှုမြှင့်တင်ရေးအဖွဲ့၊ ကုန်သွယ်မှုဖွံ့ဖြိုးရေးဌာနခွဲ၊ ဖုန်း-၀၆၇၄ဝ၈၆၂၂၊ Email: event.td.myantrade@ gmail.com သို့ ဆက်သွယ်စုံစမ်း ၍လည်း စာရင်းပေးသွင်းနိုင်ကြောင်း သိရပါတယ်။
Telegram»…
https://t.me/positiveanglenews