PDF အကြမ်းဖက်အဖွဲ့များနှင့်ပတ်သက်ဆက်နွယ်သူတစ်ဦးဖမ်းဆီးရမိ

Telegram Join ရန် – http://t.me/positiveanglenews

(မှုခင်း) ဖေဖော်ဝါရီ ၂၀

ရွှေဘိုမြို့ မြို့ပေါ်ရပ်ကွက်များအတွင်း ပူးပေါင်းလုံခြုံရေးအဖွဲ့မှ ဖေဖော်ဝါရီလ ၁၉ ရက်နေ့ ညနေ ၄ နာရီ ၄၀ မိနစ်အချိန်၌ လှည့်ကင်းဆောင်ရွက်စဥ် အကြမ်းဖက်အဖွဲ့များနှင့် ဆက်စပ်သူ တစ်ဦးကို ဖမ်းဆီးရမိကြောင်းသိရပါသည်။

အမှတ်(၆)ရပ်ကွက် ရွှေဘိုကားကြီးကွင်းရှေ့ရှိ ရပ်ကွက်တွင် နေထိုင်ပြီး သုံးဘီးဆိုင်ကယ်မောင်းနှင်သူဖြစ်သည့် လှိုင်ဝင်းစိုး(ခ)အောင်မင်းနိုင်ဆိုသူထံ၌ Remi Note12 pro အမျိုးအစား အနက်ရောင် လက်ကိုင်ဖုန်းနှင့်အတူ မသင်္ကာဖွယ်တွေ့ရှိရသဖြင့် ရွှေဘို မြို့မရဲစခန်းသို့ ဖမ်းဆီးခေါ်ဆောင်စစ်ဆေးခဲ့ရာ ၎င်းသည် ရွှေဘိုမြို့နယ် တဂဏန်းကျေးရွာအခြေပြု နဂါးမင်းအမည်ခံ အကြမ်းဖက်အုပ်စု PDF အဖွဲ့ ခေါင်းဆောင် ဖက်တီးနှင့်ပတ်သက်ဆက်နွယ်၍ အဆိုပါအဖွဲ့အတွက် လိုအပ်သည့် စားနပ်ရိက္ခာများ သယ်ပို့ပေးခဲ့ကြောင်းနှင့် လက်ကိုင်ဖုန်း contact အတွင်း အကြမ်း ဖက်အဖွဲ့ဝင်များ၏ ဖုန်းနံပါတ်များ ရေးမှတ်ထားရှိသည်ကို စစ်ဆေးတွေ့ရှိခဲ့ကြောင်းသိရှိရပါသည်။

ဖြစ်စဥ်နှင့်ပတ်သက်၍ အကြမ်းဖက်အုပ်စု PDF အဖွဲ့ဝင်များအား လိုအပ်သောစားနပ်ရိက္ခာများ ဝယ်ယူ ပို့ဆောင်ထောက်ပံပေးအပ်ကာ အကြမ်းဖက်အုပ်စု PDF အဖွဲ့ဝင်များအားအကြမ်းဖက်သမားမှန်း  သိပါလျက်ဖြင့် သတင်းပေးရန်ပျက်ကွက်သူ လှိုင်ဝင်းစိုး (ခ) အောင်မင်းနိုင် နှင့် အကြမ်းဖက်မှုများ ကျူးလွန်ကာ ထွက်ပြေးတိမ်းရှောင်နေကြသော  နဂါးမင်းအမည်ခံ အကြမ်းအုပ်စု PDF အဖွဲ့ဝင် ဖက်တီး၊ ခင်ချိုလှိုင်( ခ)ပူတူးမ နှင့် တောကျီးကန်းအမည်ခံ အကြမ်းဖက်အုပ်စု PDF အဖွဲ့ဝင် အောင်အောင် (ခ) အောင်ကြီးတို့ကို  ရွှေဘိုမြို့မ ရဲစခန်းမှ (ပ)၂၇/၂၀၂၅ အကြမ်းဖက်တိုက်ဖျက်ရေး ဥပဒေပုဒ်မ ၅၀(ည) ဖြင့် အမှုဖွင့်အရေးယူဆောင်ရွက်လျက်ရှိကြောင်း သိရှိရသည်။

#PAN #PDF #ရွှေဘို