(အားကစား) ဖေဖော်ဝါရီ ၂၀

ရီးရဲလ်အသင်း ကွင်းလယ်တိုက်စစ်ကစားသမား ဘယ်လင်ဟမ် က အိုဆာဆူနာနှင့်ပွဲစဉ်မှ အငြင်းပွားဖွယ် အနီကတ်အတွက် ၂ ပွဲပယ်ပြစ်ဒဏ်ချမှတ်ခံခဲ့ရကြောင်း သိရပါတယ်။
ဘယ်လင်ဟမ် ဟာ ဖေဖော်ဝါရီလ ၁၅ ရက်မှာ လာလီဂါပွဲစဉ်အဖြစ် ကစားခဲ့တဲ့ အိုဆာဆူနာအသင်းနဲ့ပွဲစဉ်မှာ ကွင်းလယ်ဒိုင် မွန်တဲရိုး ကို စော်ကားပြောဆိုခဲ့တဲ့အတွက် တိုက်ရိုက်အနီကတ်နဲ့ ထုတ်ပယ်ခံရတာ ဖြစ်ပါတယ်။
ဘယ်လင်ဟမ်က ၎င်းအနေဖြင့် ကွင်းလယ်ဒိုင်ကိုဆဲဆိုခဲ့ခြင်းမရှိဘဲ အထင်လွဲမှားခဲ့ခြင်းသာ ဖြစ်ကြောင်း ဖြေရှင်းခဲ့ပါတယ်။
ယခုအခါ စပိန်ဘောလုံးအဖွဲ့ချုပ် (RFEF)က ဘယ်လင်ဟမ် ကို အိုဆာဆူနာနှင့် ပွဲမှအနီကတ် ပြစ်ဒဏ်အတွက် ၂ ပွဲပယ်ပြစ်ဒဏ်ချမှတ်ခဲ့ပြီး RFEF က ဘယ်လင်ဟမ်အနေနဲ့ ကွင်းလယ်ဒိုင် မွန်တဲရိုးအပေါ် လေးစားမှုမရှိခြင်းအတွက် ယခုကဲ့သို့ အရေးယူခဲ့ခြင်းဖြစ်တယ်လို့ ပြောကြားခဲ့ပါတယ်။
Telegram»…
https://t.me/positiveanglenews