ကျောင်းတွင်း အနိုင်ကျင့်ခံရသော ၁၁ နှစ်အရွယ် မိန်းကလေးတစ်ဦး မိမိကိုယ်ကိုယ် အဆုံးစီရင်

(နိုင်ငံတကာ) ဖေဖော်ဝါရီ ၂၀


အမေရိကန်နိုင်ငံ၊ တက္ကဆက်ပြည်နယ်မှ ၁၁ နှစ်အရွယ် မိန်းကလေးတစ်ဦး ကျောင်းတွင်း အနိုင်ကျင့်ခံရပြီးနောက် မိမိကိုယ်ကိုယ် အဆုံးစီရင်ခဲ့ကြောင်းသိရသည်။


တက္ကဆက်ပြည်နယ်ရှိ ကျောင်းတစ်ကျောင်းတွင် ပညာသင်ကြားနေသော အသက် ၁၁ နှစ်အရွယ် Jocelynn Rojo Carranza သည် အခြားကျောင်းသားများမှ အနိုင်ကျင့်စော်ကားခြင်းခံခဲ့ရသည်။


Jocelynn Rojo Carranza ၏ မိဘများသည် ရွှေ့ပြောင်း အခြေချသူများဖြစ်ပြီး အမေရိကန်နိုင်ငံတွင် တရားမဝင်နေထိုင်ကြောင်း အတန်းဖော်များမှ အကြိမ်ကြိမ် လှောင်ပြောင်စနောက်ခဲ့ပြီး လူဝင်မှုကြီးကြပ်ရေးသို့ ဖုန်းဆက်တိုင်ကြားမည်ဟု ခြိမ်းခြောက်ခဲ့သည်။


ကျောင်းတွင်း အနိုင်ကျင့်ခံရမှုနှင့်ပတ်သက်ပြီး ဒေသတွင်းရဲတပ်ဖွဲ့က စုံစမ်းစစ်ဆေးမှု လုပ်ဆောင်နေဆဲဖြစ်ကြောင်း ထုတ်ပြန်ထားသည်။

PAN #တက္ကဆက်ပြည်နယ်