PDF အကြမ်းဖက်သမားများက ထားဝယ်မြို့နယ်၊ ပကာရီကျေးရွာအတွင်းသို့ လက်လုပ်စိန်ပြောင်းဖြင့် အကြောင်းမဲ့ လာရောက်ပစ်ခတ်ခဲ့မှုကြောင့် အပြစ်မဲ့ အရပ်သား ပြည်သူ အမျိုးသမီး ၂ ဦး ထိခိုက်ဒဏ်ရာများရရှိ

(ပြည်တွင်း)ဖေဖော်ဝါရီ  ၁၉

       တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်မြို့နယ်၊ ပကာရီကျေးရွာအတွင်းသို့ PDF အကြမ်းဖက် သမားများက လက်လုပ်စိန်ပြောင်းဖြင့် အကြောင်းမဲ့လာရောက် ပစ်ခတ်ခဲ့မှုကြောင့် အပြစ်မဲ့အရပ်သား ပြည်သူ အမျိုး သမီး ၂ ဦး ထိခိုက်ဒဏ်ရာများ ရရှိခဲ့ကြောင်း သိရှိရသည်။

       ဖြစ်စဉ်မှာ ဖေဖော်ဝါရီလ ၁၈ ရက်နေ့ ည ၈ နာရီခန့်တွင် PDF  အကြမ်းဖက်သမားများက လက်လုပ်စိန်ပြောင်းဖြင့် ပကာရီကျေးရွာ ၏ အရှေ့တောင် ဘက် အကြောင်းမဲ့လာရောက်ပစ်ခတ်မှုကြောင့် ကျေးရွာအနီးသို့ ကျရောက် ပေါက်ကွဲ ခဲ့သဖြင့် အပြစ်မဲ့ အရပ် သားပြည်သူ အမျိုးသမီး ၂ ဦး ဗုံးစထိမှန်ဒဏ်ရာများ ရရှိခဲ့သည်။ အဆိုပါထိခိုက်ဒဏ်ရာရရှိသူများအား နယ်မြေခံ တပ်မတော်ဆေးရုံသို့ ပို့ဆောင်၍ ဆေးကုသမှု ခံယူစေလျက်ရှိကြောင်း သိရသည်။

       PDF အကြမ်းဖက်သမားများ၏ ယခုကဲ့သို့ မြို့/ ရွာ၊ လူနေ ရပ်ကွက်များအတွင်းသို့ အကြောင်းမဲ့ ပစ်ခတ်တိုက်ခိုက်မှုများကြောင့် အပြစ်မဲ့ ဒေသခံပြည်သူ သေဆုံးမှုများ မကြာခဏ ဖြစ်ပေါ်လျက်ရှိပြီး လုံခြုံရေးတပ်ဖွဲ့ဝင်များက လိုအပ်သည့် လုံခြုံရေးဆောင်ရွက်မှုများကို တိုးမြှင့်ဆောင်ရွက် လျက်ရှိကြောင်းနှင့် ဖြစ်စဉ်ဖြစ်ပွားရာနေရာတစ်ဝိုက်အား လိုအပ်သော လုံခြုံရေးလုပ်ငန်းများ ဆက်လက် ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိသည်။

#PAN