(မှုခင်း) ဖေဖော်ဝါရီ ၁၉

ရှင်ပြုအလှူပွဲပြုလုပ်နေတဲ့ ရွှေဘိုမြို့နယ် ပန်းရံကျေးရွာဘုန်းတော်ကြီးကျောင်းကို PDF အကြမ်းဖက်သမားတွေက Drop Bomb နဲ့ ပစ်ချတိုက်ခိုက်ခဲ့တာကြောင့် ၉ နှစ်အရွယ် ကလေးငယ်တစ်ဦးသေဆုံးပြီး ကျေးရွာသား ၁၄ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။

စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုမြို့နယ်၊ ပန်းရံကျေးရွာဘုန်းတော်ကြီးကျောင်းမှာ ပြီးခဲ့တဲ့ရက်ပိုင်းက ရှင်ပြုအလှူကျင်းပနေချိန် PDF အကြမ်းဖက်တွေက ကျေးရွာရဲ့ အရှေ့မြောက်ဘက်ကနေ Drone ယာဉ် ၂ စီးနဲ့ Drop Bombချတိုက်ခိုက်ခဲ့တာဖြး်တယ်လို့လည်း သိရပါတယ်။
PDF တွေပစ်ခတ်လိာက်တဲ့ ဒရုန်းဗုံးတွေဟာ ကျောင်းဝင်းအတွင်းက ဓမ္မာရုံပေါ်ကို ကျရောက်ပေါက်ကွဲခဲ့တာကြောင့် အသက်(၉)နှစ်အရွယ် ကလေးငယ်တစ်ဦး သေဆုံးခဲ့ပြီး အရပ်သားပြည်သူ ၁၄ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။
ဒရုန်းဗုံးကျရောက်ပေါက်ကွဲမှုကြောင့် သေဆုံး၊ ထိခိုက်ဒဏ်ရာရရှိခဲ့ကြသူတွေကို ရွှေဘိုမြို့၊ပြည်သူ့ဆေးရုံကိာ ပို့ဆောင်ပြီး လိုအပ်တဲ့ ကျန်းမာရေးစောင့်ရှာက်မှုတွေလုပ်ဆောင်ပေးထားတယ်လို့ သိရပါတယ်။
Telegram»…
https://t.me/positiveanglenews