(မှုခင်း) ဖေဖော်ဝါရီ ၁၉

မန္တလေးပြည်သူ့ဆေးရုံကြီး၊ အရေးပေါ်နှင့်ပြင်ပလူနာဌာနသို့ လက်နက်ကြီးစ ထိမှန်ဒဏ်ရာရရှိသူ ၂ ဦးရောက်ရှိနေကြာင်း တာဝန်ရှိသူများ၏ပြောကြားချက်အရ သိရသည်။

အဆိုပါ လက်နက်ကြီးကျည်ထိမှန်ဒဏ်ရာရရှိသူများမှာ စစ်ကိုင်းတိုင်းဒေသကြီး၊ အရာတော်မြို့နယ်၊ မြေနက်ကျေးရွာနေသူများဖြစ်ပြီး ဒေါ်ရွှေဆင့်၊ ၆၇ နှစ်၊ (ဘ)ဦးခွေးညိုတွင် ဝမ်းဗိုက် ပေါက်ပြဲဒဏ်ရာနှင့် ဦးရှန်ပို၊ ၅၂ နှစ်၊ (ဘ)ဦးခွေးညိုတွင် ဝဲဘက်ခြေထောက်၊ ရင်ဘတ် ပေါက်ပြဲဒဏ်ရာ၊ ယာဘက်လက်စုတ်ပြတ်ဒဏ်ရာတို့ ရရှိခဲ့ကြောင်း သိရသည်။
ဖြစ်စဥ်မှာ ယမန်နေ့ ညနေ ၆ နာရီအချိန်ခန့်တွင် ဒေါ်ရွှေဆင့် နေအိမ်၏ မြောက်ဘက်သို့ လက်နက်ကြီးကျရောက်ပေါက်ကွဲရာမှ ထိမှန်ခဲ့ခြင်းဖြစ်ကြောင်း ဒေါ်ရွှေဆင့်၏ သမီးတော်စပ်သူ ဒေါ်သန်းသန်းအေး၏ ပြောပြချက်အရ သိရသည်။
Telegram»…
https://t.me/positiveanglenews