(မှုခင်း) ဖေဖော်ဝါရီ ၁၉

မန္တလေးပြည်သူ့ဆေးရုံကြီး၊ အရေးပေါ်နှင့်ပြင်ပလူနာဌာနသို့ ယနေ့မွန်းလွဲ ၁ နာရီ ၂၀ မိနစ်အချိန်ခန့်က သေနတ်ကျည်ထိမှန်သေဆုံးသူ ၁ ဦး ရောက်ရှိနေကြောင်း သိရသည်။

အဆိုပါ သေနတ်ထိမှန် သေဆုံးသူမှာ ရဲတပ်သား ရှိုင်းကိုကိုလွင်၊ ၂၈ နှစ်၊(ဘ)ဦးသိန်းလွင်၊ မန္တလေးမြို့တော်စည်ပင်သာယာရဲတပ်ဖွဲ့၊ ပြည်ကြီးတံခွန်မြို့နယ်၊စွယ်တော်ကားကြီးဝင်း ရဲကင်းစခန်းတွင် တာဝန်ထမ်းဆောင်နေသူဖြစ်ပြီး ၎င်းသည် မွန်းတည့် ၁၂ နာရီ ၄၅ မိနစ်အချိန်ခန့်က မန္တလေးမြို့တော်စည်ပင်သာယာ နယ်နိမိတ်အတွင်း ၃ တန်နှင့်အထက်ယာဉ်များအား ရှောင်တခင်စစ်ဆေးရေးဆောင်ရွက်ရန် ယာဥ်မောင်း ……….မောင်းနှင်သည့် Light Truck အဖြူရောင်၊ယာဥ်အမှတ် MDY-13/9L/………ယာဥ်ဖြင့် မန္တလေးစည်ပင်သာယာမှ စာရေးပါ ၆ ဦး၊ စည်ပင်သာ ယာရဲတပ်ဖွဲ့မှ ရဲတပ်သား …….နှင့်အတူ လုံခြုံရေး ဆောင်ရွက်ပေးနိုင်ရန်အတွက် အမရပူရမြို့ နယ်၊ ကန်ပတ်လမ်းအတိုင်း မောင်းနှင်လာခဲ့ကြောင်း သိရသည်။
ထို့နောက် ၁၁၄ လမ်း၊ ၇၃×၇၄ လမ် ကြားအရောက်တွင် ၎င်းကိုင်ဆောင်သည့် အမ်အေ-၁၃ မောင်းပြန် သေနတ်မှ ကျည်မတော်တဆချော်ထွက်ခဲ့သောကြောင့် မေးစေ့ ကျည်ဖောက်ဝင်ဒဏ်ရာ ၁ ချက်၊ ဝဲဘက်လက်ညှိုး စုတ်ပြဲဒဏ်ရာများရရှိကာ သေဆုံးခဲ့ခြင်းဖြစ်ကြောင်း အတူလိုက်ပါလာသူများ၏ ပြောပြချက်အရ သိရသည်။
Telegram»…
https://t.me/positiveanglenews