ဘိုလီးဗီးယားတွင် ဘတ်စ်ကားတိမ်းမှောက်ကာ လူ ၃၀ ကျော်သေဆုံး


(နိုင်ငံတကာ) ဖေဖော်ဝါရီ ၁၈

ဘိုလီးဗီးယားနိုင်ငံရှိ တောင်တက်လမ်းတစ်ခုတွင် ဘတ်စ်ကားတိမ်းမှောက်မှုကြောင့် လူ ၃၀ ကျော်သေဆုံးခဲ့ကြောင်း ရဲတပ်ဖွဲ့ကဆိုသည်။

ယိုကယ်လာခရိုင်၏ အနောက်တောင်ပိုင်းရှိ ပေ ၂၆၀၀ ကျော်ရှိသည့် တောင်တက်လမ်းတွင် ယာဉ်စက်ချို့ယွင်းကာ ယာဉ်မောင်းမှ မထိန်းချုပ်နိုင်တော့ပဲ တိမ်းမှောက်ခဲ့သည်ဟု အရာရှိတစ်ဦးကဆိုသည်။

အဆိုပါ ယာဉ်တိမ်းမှောက်မှုတွင် လူ ၃၀ ကျော်သေဆုံးပြီး ကလေးငယ် ၄ ဦးအပါအဝင် ၁၄ ဦး ဒဏ်ရာရရှိခဲ့ကြောင်း ဒေသတွင်း ဆေးရုံမှ တာဝန်ရှိသူတစ်ဦးကဆိုသည်။

ဘိုလီးဗီးယားနိုင်ငံ၏ တောတောင်ထူထပ်သော ဒေသများတွင် အလွန်အန္တရာယ်များသည့် လမ်းများဖောက်လုပ်ထားသည်။

၎င်း ယာဉ်မတော်တဆမှုသည် ယခုနှစ်အတွင်း တောင်အမေရိကတွင်အဆိုးရွားဆုံးသော ယာဉ်မတော်တဆမှုဖြစ်ခဲ့ကြောင်းသိရသည်။

Telegram»…
https://t.me/positiveanglenews

PAN