(ပြည်တွင်း) ဖေဖော်ဝါရီ ၁၈

ဂျပန်ကုမ္ပဏီ ၃၀၀ ကျော်တို့က အမျိုးသမီး ၈၇၀ ကျော်အပါအဝင် မြန်မာလုပ်သား ၁,၁၀၀ ကျော်ကို ခေါ်ယူရန် ကမ်းလှမ်းထားကြောင်း တိုကျိုမြို့ရှိ မြန်မာသံရုံး၏ ဖေဖော်ဝါရီလ ၁၅ ရက်တွင် ထုတ်ပြန်ထားသော အချက်အလက်များ အရ သိရပါတယ်။
ဂျပန်နိုင်ငံကခေါ်ယူမည့် လုပ်သားများထဲမှာ မြန်မာအမျိုးသမီး ၈၇၃ ဦးအထိပါဝင်နေပြီး အမျိုးသား ၂၇၃ ဦး၊ စုစုပေါင်း ၁,၁၄၆ ဦးခေါ်ယူရန် ဂျပန်ကုမ္ပဏီ ၃၂၅ ခုတို့က ကမ်းလှမ်းထား တာဖြစ်ပါတယ်။
တိုကျိုမြို့ရှိ မြန်မာသံရုံး အနေဖြင့် မြန်မာနိုင်ငံနိုင်ငံခြားရေးဝန်ကြီးဌာနမှတစ်ဆင့် အလုပ်သမားဝန်ကြီးဌာနကပေးပို့လာသော အလုပ်ကမ်းလှမ်း စာများနှင့်ပတ်သက်၍ အလုပ်သမားကြီးကြပ်ရေး ကုမ္ပဏီနှင့် အလုပ်ခေါ်ယူမယ့် စက်ရုံ၊ ကုမ္ပဏီများမှာ ဂျပန်နိုင်ငံအတွင်း တရားဝင်တည်ထောင်ထားခြင်း ရှိ/မရှိ စိစစ်ခဲ့ပြီးဖြစ်ကြောင်း သိရပါတယ်။
ပြီးခဲ့တဲ့ ဇန်နဝါရီလ ၃၁ ရက်မှာလည်း ဂျပန်ကုမ္ပဏီ ၄၅၀ ကျော်တို့က မြန်မာအလုပ်သမား အမျိုးသား ၃၁၀ ကျော်နှင့် အမျိုးသမီး ၁,၁၀၀ ကျော် စုစုပေါင်းအလုပ်သမားဦးရေ ၁,၅၀၀ ကျော်ကိုခေါ်ယူရန် အလုပ်ကမ်းလှမ်းစာများ ပေးပို့ခဲ့ကြောင်း သိရပါတယ်။
Telegram»…
https://t.me/positiveanglenews