“Yankon” စားသောက်ဆိုင်တွင် လက်ပစ်ဗုံး ၁ လုံးတွေ့ရှိ


(ပြည်တွင်း) ဖေဖော်ဝါရီ ၁၇

မန္တလေးတိုင်းဒေသကြီး၊ ပုသိမ်ကြီးမြို့နယ်၊ ရန်ကင်းတောင်ကျေးရွာအုပ်စု၊ မြို့သာကုန်းကျေးရွာ၊ ၁၉ လမ်းပေါ်ရှိ “Yankon”စားသောက်ဆိုင်အဝင်ပေါက်၌ လက်ပစ်ဗုံး ၁ လုံး တွေ့ရှိခဲ့ကြောင်း သိရသည်။

ယနေ့နံနက် ၉ နာရီ ၄၅ မိနစ်အချိန်ခန့်က “Yankon” စားသောက်ဆိုင်ဆိုင်မန်နေဂျာမှ ဆိုင်အဝင်ပေါက်တွင် လက်ပစ်ဗုံး ၁ လုံးတွေ့ရကြောင်း​၊ ဖုန်းဆက်အကြောင်း ကြားချက်အရ သက်ဆိုင်ရာ လုံခြုံရေးတာဝန်ရှိသူများမှ သွားရောက်စစ်ဆေးခဲ့ရာ လက်ပစ်ဗုံးမှာ တရုတ်နိုင်ငံထုတ် လက်ပစ်ဗုံးဖြစ်ကြောင်း သိရသည်။

အဆိုပါ လက်ပစ်ဗုံးမှာ ပေါက်ကွဲနိုင်သော အခြေအနေတွေ့ရှိရသဖြင့် သက်ဆိုင်ရာတာဝန်ရှိ မိုင်းရှင်းလင်းရေးအဖွဲ့က လျှပ်စစ်ဒစ်တိုနီတာကြိုးဖြင့် ဖောက်ခွဲရှင်းလင်းခဲ့ကြောင်း သိရသည်။

Telegram»…
https://t.me/positiveanglenews

PAN