(နိုင်ငံတကာ) ဖေဖော်ဝါရီ ၁၇

ရုရှားနှင့် ယူကရိန်း စစ်ပွဲအဆုံးသတ်ရေး ဆွေးနွေးမှုမတိုင်မှီ အမေရိကန်နိုင်ငံခြားရေးဝန်ကြီး မာကိုရူဘီယို ဆော်ဒီအာရေဗျနိုင်ငံသို့ရောက်ရှိလာကြောင်းသိရသည်။
ပြီးခဲ့သည့် သီတင်းပတ်ကုန်က အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်နှင့် ရုရှားသမ္မတပူတင်တို့ မိနစ် ၉၀ ကြာ ဖုန်းဖြင့် ဆွေးနွေးပြီးနောက် နှစ်နိုင်ငံသမ္မတနှစ်ဦးအနေဖြင့် ဆော်ဒီအာရေဗျတွင် တွေ့ဆုံဖွယ်ရှိကြောင်း သမ္မတထရမ့်က ထုတ်ဖော်ပြောဆိုခဲ့သည်။
မာကိုရူဘီယိုသည် သုံးနှစ်နီးပါးကြာမြင့်ခဲ့သည့် ရုရှားယူကရိန်းစစ်ပွဲအား အဆုံးသတ်ရန် ရုရှားတာဝန်ရှိသူများနှင့်တွေ့ဆုံဆွေးနွေးသွားမည်ဖြစ်ကြောင်းသိရသည်။
ယူကရိန်းသမ္မတ ဇယ်လန်းစကီးက ယူကရိန်းမပါဝင်သော တွေ့ဆုံဆွေးနွေးမှုများသည့် အဓိပ္ပာယ်မရှိပဲ ယူကရိန်းအတွက် လုံခြုံရေးအာမခံချက်မရှိကြောင်းသိရသည်။
Telegram»…
https://t.me/positiveanglenews