(အားကစား) ဖေဖော်ဝါရီ ၁၇

၂၀၂၄ ခုနှစ်အတွင်း ဝင်ငွေအကောင်းဆုံး အားကစားသမားစာရင်းကို ထုတ်ပြန်ခဲ့ရာမှာတော့ အယ်လ်နာဆာ အသင်းနဲ့ ကစားသမားဘ၀ဖြတ်သန်းနေတဲ့ စီရော်နယ်ဒိုက ထိပ်ဆုံးမှာ ရပ်တည်နိုင်ခဲ့ပါတယ်။
ရော်နယ်ဒို ဟာ ၂၀၂၄ ခုနှစ်အတွင်းမှာ အယ်လ်နာဆာအသင်းထံကနေ လုပ်ခလစာခံစားခွင့်နဲ့ စပွန်ဆာ ကြော်ငြာကြေးတို့မှ ဒေါ်လာသန်း ၂၆၀ အထိရရှိခဲ့ပါတယ်။
ရော်နယ်ဒိုရဲ့နောက်မှာတော့ ဘတ်စကက်ဘော ကစားသမား စတီပင်ကာရီ က ၁၅၃ သန်းနဲ့ ရှိနေခဲ့ပြီး တတိယနေရာမှာတော့ လက်ဝှေ့အကျော်အမော် တိုက်ဆန်ဖြူရီ က ၁၄၇ သန်း၊ စတုတ္ထနေရာမှာ လီယွန်နယ် မက်ဆီ က ၁၃၅ သန်း၊ ပဉ္စမနေရာမှာ ဘတ်စကတ်ဘောသမား တစ်ဦးဖြစ်တဲ့ လက်ဘရွန်ဂျိမ်းစ်က ၁၃၃ သန်းနဲ့ ရှိနေခဲ့ပါတယ်။
ကမ္ဘာ့ဝင်ငွေအများဆုံး အားကစားသမား ၁၀၀ ဦးစာရင်းမှာ အမျိုးသမီး အားကစားသမား တစ်ဦးမှ မပါဝင်နိုင်ခဲ့ဘဲ အမျိုးသား ဘောလုံးသမား ၁၂ ယောက်နဲ့ ဘတ်စကတ်ဘောသမားကတော့ အများဆုံးအဖြစ် ၃၆ ယောက်အထိ ပါဝင်ခဲ့တယ်လို့ သိရပါတယ်။
Telegram»…
https://t.me/positiveanglenews