ဒွါဒသမအကြိမ်မြောက် ဗုဒ္ဓဝင်ဖြေဆိုပူဇော်ပွဲ အရည်အချင်းစစ် စာမေးပွဲကျင်းပမည်


(ပြည်တွင်း)ဖေဖော်ဝါရီ  ၁၆

ဒွါဒသမအကြိမ် မြန်မာနိုင်ငံလုံးဆိုင်ရာ သုတစုံလင်ဗုဒ္ဓဝင်ဖြေဆိုပူဇော်ပွဲ မူလတန်းအဆင့်နှင့် အလယ်တန်း အဆင့် အရည်အချင်းစစ်(ရေးဖြေ) စာမေးပွဲကို ၁၃၈၆ ခုနှစ်၊ နှောင်းတန်ခူးလဆန်း ၁၃ ရက်၊ ၂၀၂၅ ခုနှစ် ဧပြီလ ၁၀ ရက် ကြာသပတေးနေ့ နံနက် ၉ နာရီမှ နံနက် ၁၀း၃၀ နာရီအထိ တစ်နိုင်ငံလုံးရှိ စာဖြေဌာနများအားလုံးတို့တွင် တပြိုင်နက်ဖြေဆိုကြရမည်ဖြစ်ကြောင်း ကြေညာထားရှိပါတယ်။

အရည်အချင်းစစ်စာမေးပွဲကို ပါဝင်ဖြေဆိုမည့် ကျောင်းသား/သူများအနေနဲ့ ၂၀၂၅ ခုနှစ်၊ မေလ ၃၀ ရက်တွင် အသက်အားဖြင့် မူလတန်းအဆင့် ကျောင်းသား/သူများဖြစ်ပါက အသက် ၁၂ နှစ် ၆ လအောက်နှင့် အလယ်တန်း အဆင့် ကျောင်းသား/သူများဖြစ်ပါက အသက် ၁၂ နှစ် ၆ လအထက်မှ အသက် ၁၅ နှစ် ၆ လအတွင်း ရှိရမှာ ဖြစ်ပါတယ်။

မူလတန်းနှင့် အလယ်တန်းအဆင့် အရည်အချင်းစစ်စာမေးပွဲ ဝင်ခွင့်တောင်းခံလွှာများကို သက်ဆိုင်ရာ စာဖြေဌာနများမှ ဖေဖော်ဝါရီလ ၁၇ ရက်တွင် စတင်ထုတ်ယူနိုင် မတ်လ ၁၃ ရက် နောက်ဆုံးထား၍ ပြန်လည် ပေးပို့တင်သွင်းရမှာဖြစ်ပါတယ်။

Telegram»…
https://t.me/positiveanglenews

PAN