(ပြည်တွင်း) ဖေဖော်ဝါရီ ၁၅

မြန်မာ-တရုတ်နှစ်နိုင်ငံဆွေးနွေးပွဲကို ဖေဖော်ဝါရီလ ၁၄ ရက် မွန်းလွဲပိုင်းတွင် နိုင်ငံခြားရေးဝန်ကြီးဌာန နေပြည်တော်၌ ကျင်းပခဲ့ကြောင်း သိရပါတယ်။
အဆိုပါဆွေးနွေးပွဲသို့ နစကဒုတိယဝန်ကြီးချုပ်နှင့် နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသန်းဆွေ နှင့် တရုတ်ပြည်သူ့သမ္မတနိုင်ငံ ပြည်သူ့လုံခြုံရေးဝန်ကြီးဌာန လက်ထောက်ဝန်ကြီး မစ္စတာ လျှိုကျုံးရီ၊ မြန်မာနိုင်ငံ ဆိုင်ရာ တရုတ်သံအမတ်ကြီး မစ္စ မာကျား နှင့် တာဝန်ရှိသူများ တက်ရောက်ခဲ့ပါတယ်။
ဆွေးနွေးပွဲတွင် နှစ်နိုင်ငံကြား ရှိရင်းစွဲဆက်ဆံရေးကို ပိုမိုတိုးမြှင့်ခိုင်မာစေရေး၊ နှစ်နိုင်ငံပူးပေါင်းဆောင်ရွက်မှု ဆိုင်ရာစီမံကိန်းများ ဆက်လက်အကောင်အထည်ဖော်ရေး၊ နယ်စပ်ဖြတ်ကျော်မှုခင်းများ တိုက်ဖျက်ရေးအတွက် တရားဥပဒေဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုမြှင့်တင်ရေး၊ နယ်စပ်ဒေသရှိ အွန်လိုင်းလောင်းကစားနှင့် လိမ်လည်မှု ကွန်ရက်များ ပူးပေါင်းတိုက်ဖျက်ရေးအတွက် နှစ်နိုင်ငံသက်ဆိုင်ရာဌာနများအကြား ပူးပေါင်းဆောင်ရွက်မှု မြှင့်တင်ရေး၊ ဒေသတွင်းနှင့် နိုင်ငံတကာအပါအဝင် မြန်မာ-တရုတ်-ထိုင်း သုံးနိုင်ငံပူးပေါင်းဆောင်ရွက်မှု တိုးမြှင့်ဆောင်ရွက်သွားရေး၊ မြန်မာ-တရုတ် နှစ်နိုင်ငံနယ်စပ်ဒေသများ တည်ငြိမ်အေးချမ်းရေး ပိုမိုမြှင့်တင်ရန် ဆက်လက်ပူးပေါင်း ဆောင်ရွက်သွားရေး ကိစ္စရပ်များအပေါ် ဆွေးနွေးခဲ့ကြောင်း သိရပါတယ်။
Telegram»…
https://t.me/positiveanglenews