ယူကရိန်းမပါဝင်ပဲ ငြိမ်းချမ်းရေးသဘောတူညီမှုမရနိုင်ကြောင်း ဇယ်လန်းစကီးဆို


(နိုင်ငံတကာ) ဖေဖော်ဝါရီ ၁၄

ယူကရိန်းသမ္မတ ဇယ်လန်းစကီးက ၎င်းတို့မပါဝင်ပဲ ငြိမ်းချမ်းရေးသဘောတူညီချက် မရနိုင်ကြောင်း ပြောဆိုခဲ့သည်။

အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်နှင့် ရုရှားသမ္မတပူတင်တို့ ရုရှားယူကရိန်း စစ်ပွဲအခြေအနေအား မိနစ် ၉၀ ကြာ ဖုန်းပြောဆွေးနွေးခဲ့ပြီးနောက် ဇယ်လန်းစကီးက ယခုလို သတိပေးပြောဆိုခဲ့ခြင်းဖြစ်သည်။

သမ္မတထရမ့်က ၎င်းနှင့် ပူတင်၏ ဆွေးနွေးမှုသည် စစ်ပွဲအားအဆုံးသတ်ရန် အလားလာကောင်းဖြစ်ကြောင်း ထုတ်ဖော်ပြောဆိုခဲ့သော်လည်း ဇယ်လန်းစကီးက “လွတ်လပ်တဲ့နိုင်ငံတစ်ခုအနေနဲ့ ဒါကို လုံးဝလက်မခံနိုင်ဘူး”ဟု တုန့်ပြန်ပြောဆိုခဲ့သည်။

ဂျာမဏီနိုင်ငံ မြူနစ်မြို့တွင် ကျင်းပနေသည့် လုံခြုံရေးကွန်ဖရန့်တွင် အမေရိကန် တာဝန်ရှိသူများနှင့် ရုရှားကိုယ်စားလှယ်များ တွေ့ဆုံဆွေးနွေးသွားဖွယ်ရှိကြောင်းသိရသည်။

ဇယ်လန်းစကီးက “ကျွန်တော်တို့မပါဘဲ ပြုလုပ်ခဲ့တဲ့ မည်သည့်သဘောတူညီချက်ကိုမှ လက်မခံနိုင်”ဟု ပြောဆိုခဲ့သည်။

Telegram»…
https://t.me/positiveanglenews

PAN