တိုက်စစ်မှူး မက်ဆီ ကို ချီးကျူးခဲ့တဲ့ နည်းပြ မာရှေယာနို


(အားကစား) ဖေဖော်ဝါရီ ၁၄

ကစားသမားဘဝတစ်လျှောက် မြင့်မားတဲ့ စွမ်းဆောင်ရည်နဲ့ ပြိုင်ဆိုင်နိုင်မှုကို ထိန်းထားနိုင်တဲ့အတွက် မက်ဆီ ကို ချီးကျူးကြောင်း အင်တာမိုင်ယာမီနည်းပြ မာရှေယာနို က ပြောကြားခဲ့ပါတယ်။

ဖေဖော်ဝါရီလ ၉ ရက်က ကစားခဲ့တဲ့ ဟွန်းဒူးရပ်စ်ကလပ် အိုလင်ပီယာအသင်းနဲ့ခြေစမ်းပွဲမှာ မက်ဆီဟာ မိနစ် ၆၀ ခန့် ကစားသွားခဲ့သလို ခြေစွမ်းပြသနိုင်ခဲ့ပါတယ်။

ဒါ့အပြင် မက်ဆီ ဟာ အခုနှစ်မေဂျာလိဂ်ရာသီမစခင် အင်တာ မိုင်ယာမီအသင်းရဲ့ ခြေစမ်းပွဲ ၄ ပွဲစလုံးမှာ ပါဝင်ကစားပေးထားခဲ့ပါတယ်။

ပါဝင်ကစားတဲ့ပွဲတိုင်းမှာလည်း အမြင့်မားဆုံး စွမ်းဆောင်ရည်ကို ပြသနိုင်ခဲ့တာကြောင့် မက်ဆီ ရဲ့ အရည်အသွေးထိန်းထားနိုင်မှုက ချီးကျူးစရာ ကောင်းပါတယ်လို့ နည်းပြ မာရှေယာနို က ပြောကြားသွားခဲ့ပါတယ်။

မက်ဆီ ဟာ ပြီးခဲ့တဲ့ဘောလုံးရာသီက ဒဏ်ရာ ပြဿနာ တွေကြောင့် အင်တာမိုင်ယာမီအသင်းရဲ့ ပွဲ ၂၀ ကျော်လောက်ကို လွဲချော်ခဲ့ရပေမဲ့ လာမယ့်ဘောလုံးရာသီမှာ မက်ဆီရဲ့ ကြံ့ခိုင်မှုအခြေအနေကို အကောင်းဆုံးပုံစံမှာရှိနေစေဖို့ ကူညီပေးသွားမယ်လို့ မာရှေယာနို က ပြောကြားခဲ့ပါတယ်။

ရာသီကြို ခြေစမ်းပွဲတွေမှာ မက်ဆီကို ပွဲချိန်ပြည့်မသုံးဘဲ မိနစ် ၆၀ နဲ့ ၇၀ ကြားအထိသာ အသုံးပြုခဲ့တဲ့အပေါ် မာရှေယာနိုက ပြန်လည်ရှင်းပြသွားခဲ့တာပါ။

အင်တာမိုင်ယာမီအသင်းဟာ အခုနှစ်ဘောလုံးရာသီမှာ ပြိုင်ပွဲ ၄ ခု ဝင်ပြိုင်ရမှာဖြစ်ပြီး ဖေဖော်ဝါရီလ ၁၈ ရက်မှာ ကွန်ကာကပ်ဖ် ချန်ပီယံများဖလားပွဲအဖြစ် ကန်ဆက်စီးတီးအသင်းနဲ့ စတင်ယှဉ်ပြိုင်ရမှာ ဖြစ်ပါတယ်။

Telegram»…
https://t.me/positiveanglenews

PAN