တာချီလိတ်- မယ်ဆိုင်အမှတ် (၁) ချစ်ကြည်ရေးတံတားဖြတ်သန်းခွင့် အချိန်တိုးမြှင့်ပေးရန် ထိုင်းနိုင်ငံဘက်မှ တောင်းဆို


(ပြည်တွင်း) ဖေဖော်ဝါရီ ၁၃

ရှမ်းပြည်နယ်အရှေ့၊ ထိုင်း – မြန်မာနယ်စပ် တာချီလိတ်မြို့- မယ်ဆိုင်အမှတ် (၁) ချစ်ကြည်ရေးတံတား ဖြတ်သန်းခွင့် အချိန်တိုးမြှင့်ပေးရန် ထိုင်းနိုင်ငံဘက်ကတောင်းဆိုထားတယ်လို့ သိရပါတယ်။

အဆိုပါတံတားဖွင့်လှစ်ချိန်ကို နေ့စဉ် နံနက် ၆ နာရီမှ ညနေ ၆ နာရီအထိ ဖြတ်သန်းခွင့်ပြုနေရာမှ နံနက် ၆ နာရီမှ ည ၈ နာရီ အထိဖြတ်သန်းခွင့်ပြုရန် တောင်းဆိုလာခြင်းဖြစ်တယ်လို့ သိရပါတယ်။

အဆိုပါကိစ္စနှင့်ပတ်သက်၍ ဖေဖော်ဝါရီလ ၁၁ ရက် နံနက်ပိုင်းမှာ နှစ်နိုင်ငံတာဝန်ရှိသူများ မယ်ဆိုင်မြို့မှာ တွေ့ဆုံဆွေးနွေးခဲ့ကြပေမယ့် အချိန်တိုးမြှင့်ဖြတ်သန်းခွင့်ပြု/မပြု ကို ဆုံးဖြတ်ချက် မချမှတ်ရသေးကြောင်း သိရပါတယ်။

တာချီလိတ်-မယ်ဆိုင် အမှတ် (၁) ချစ်ကြည်ရေးတံတားကို ကိုဗစ်-၁၉ ကာလ တံတားမပိတ်မီက ည ၈ နာရီ အထိဖြတ်သန်းခွင့်ပြုခဲ့ရာ ယင်းကဲ့သို့ အချိန်တိုးမြှင့်ဖွင့်လှစ်ရန် နှစ်နိုင်ငံဆွေးနွေးခဲ့ ကြခြင်းဖြစ်တယ်လို့ သိရပါတယ်။

Telegram»…
https://t.me/positiveanglenews

PAN