(စီးပွားရေး) ဖေဖော်ဝါရီ ၁၃
ဒေသခံတွေ၊ နိုင်ငံအဝှမ်းပြည်သူတွေအပါအဝင် စီးပွားရေးလုပ်ငန်းရှင်းများ စိတ်ဝင်စားမှုမြင့်တက်နေသည့် နေပြည်တော်တော်တပေါင်းကွင်းက MSME ပြပွဲပြိုင်ပွဲ ကျင်းပရက် နှစ်ရက်ထပ်တိုးဖွင့်လှစ်ရောင်းချပေးသွားမှာဖြစ်တယ်လို့ သိရပါတယ်။
ဖေဖော်ဝါရီလ ၁၀ ရက်နေ့ကနေ ၁၄ ရက်နေ့အထိ ကျင်းပပြုလုပ်နေတဲ့ နေပြည်တော်ဥပ္ပါတသန္တိစေတီတော်အနီးမှာရှိတဲ့ တပေါင်းကွင်းမှာကျင်းပနေတဲ့ ပြည်ထောင်စုအဆင့် MSME ပြပွဲကြီးကို စိတ်ဝင်စားမှုများပြားလာတာကြောင့် နောက်ထပ် ၂ ရက် ထပ်တိုးပြသသွားမှာဖြစ်တယ်လို့ နစက ကကြေညာပါတယ်။
နေပြည်တော် တပေါင်းကွင်းမှာပြုလုပ်နေတဲ့ MSME ပြပွဲပြိုင်ပွဲတွေမှာ တိုင်းဒေသကြီးနဲ့ ပြည်နယ်ပြခန်း ၂၅ ခု၊ တိုင်းဒေသကြီးနဲ့ ပြည်နယ်စားသောက်ဆိုင်၂၁ ခု၊ ကုမ္ပဏီပြခန်း ၆ ခု၊ အသေးစားသမဝါယမ/ ကုန်ထုတ် ပြခန်း ၂၁ ခု၊ အသင်းအဖွဲ့ပြခန်း ၁၆ ခု ထည့်သွင်းပြသထားတာဖြစ်ပါတယ်။
ရရှိထားတဲ့သတင်းအချက်အလက်တွေအရ MSME ပြပွဲပြိုင်ပွဲတွေရဲ့ တစ်ရက်ချင်းရောင်းအားရငွေတွေအနေနဲ့ တစ်နေ့ရောင်းရငွေပမာဏ ငွေကျပ်သိန်းပေါင်း ၂ ထောင်ဝန်းကျင်ခန့်ရှိတယ်လို့ သိရပါတယ်။
Telegram»…
https://t.me/positiveanglenews