(၇၈)နှစ်မြောက် ပြည်ထောင်စုနေ့ အထိမ်းအမှတ်အခမ်းအနားနှင့်ပွဲတော်အား ရန်ကုန်မြို့တွင်စည်ကားသိုက်မြိုက်စွာကျင်းပမည်


(ပြည်တွင်း) ဖေဖော်ဝါရီ ၁၁

၁၂.၂.၂၀၂၅ ရက်နေ့တွင်ကျရောက်မည့် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၏ (၇၈)နှစ်မြောက် ပြည်ထောင်စုနေ့ အထိမ်းအမှတ်အခမ်းအနားနှင့် ပွဲတော်အား ရန်ကုန်တိုင်းဒေသကြီး၌ ဖေဖော်ဝါရီလ (၁၂)ရက်နေ့မှ (၁၄)ရက်နေ့အထိ ခမ်းနားစည်ကားသိုက်မြိုက်စွာ ကျင်းပပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။

အဆိုပါ အထိမ်းအမှတ် အခမ်းအနားပွဲတော်အား ရန်ကုန်မြို့ ပြည်သူ့ရင်ပြင်၌ ကျင်းပပြုလုပ်မည်ဖြစ်ပြီး ပွဲတော်တွင် ရန်ကုန်တိုင်းဒေသကြီးအတွင်းမှ ကဏ္ဍအလိုက် ဌာနဆိုင်ရာအလိုက်အရောင်းပြခန်းများ ၊ ပြပွဲများ၊ ရုပ်ရှင်နှင့်ဂီတနယ်ပယ်မှ နာမည်ကျော်အနုပညာရှင်များမှ တေးဂီတသီချင်းများ၊ အကအလှများဖြင့်ဖျော်ဖြေခြင်းတို့ကို နေ့စဥ်နံနက် (၉) နာရီကနေ ည (၁၀)နာရီအထိ ခမ်းနားစည်ကားသိုက်မြိုက်စွာ ကျင်းပပြုလုပ်ပေးသွားမည်ဖြစ်ကြောင်းသိရသည်။

ဖြိုးကိုလင်း(ညောင်ဝိုင်း)

Telegram»…
https://t.me/positiveanglenews

PAN