အယ်နာဆာနှင့် သက်တမ်းတိုးရန် သဘောတူညီမှုရခဲ့တဲ့ စီရော်နယ်ဒို


(အားကစား) ဖေဖော်ဝါရီ ၁၁

ပေါ်တူဂီတိုက်စစ်မှူး စီရော်နယ်ဒို ဟာ လက်ရှိကလပ် အယ်နာဆာအသင်းနဲ့ ၁ နှစ်သက်တမ်းတိုးဖို့ သဘော တူညီမှု ရခဲ့တယ်လို့ သိရပါတယ်။

ပြီးခဲ့တဲ့တစ်ပတ်ကမှ အသက် ၄၀ ပြည့်ခဲ့တဲ့ ရော်နယ်ဒိုရဲ့ လက်ရှိစာချုပ်က ၂၀၂၅ ဇွန်လအထိဖြစ်လို့ စာချုပ်သက်တမ်းက ၄ လသာ ကျန်ရှိတော့တာဖြစ်ပါတယ်။

၂၀၂၆ ဇွန်လအထိ သက်တမ်းရှိမယ့် စာချုပ်သစ် ချုပ်ဆိုဖို့ကို ဆွေးနွေးခဲ့ပြီး လက်ရှိမှာ နှစ်ဖက်သဘောတူညီမှုရခဲ့ပြီလို့ သိရပါတယ်။

မကြာခင်ရက်ပိုင်းအတွင်းမှာ စာချုပ်သစ်နဲ့ပတ်သက် လို့ ကြေညာပါလိမ့်မယ်လို့ အယ်နာဆာအသင်းဘက်က သတင်းတွေထွက်ပေါ်ခဲ့ပါတယ်။

မန်ယူ၊ ရီးရဲလ်နဲ့ ဂျူဗင်တပ်အသင်းတို့မှာ ကစားခဲ့ဖူးတဲ့ စီရော်နယ်ဒို ဟာ ၂၀၂၃ ဇန်နဝါရီမှာ အယ်နာဆာ အသင်းကိုရောက်လာခဲ့ပြီးနောက်ပိုင်း အသင်းအတွက် ပွဲပေါင်း ၉၀ မှာ ၈၂ ဂိုးအထိ သွင်းယူပေးထားပါတယ်။

Telegram»…
https://t.me/positiveanglenews

PAN