(နိုင်ငံတကာ) ဖေဖော်ဝါရီ ၁၁

လွှတ်တော်၏ ပြစ်တင်စွပ်စွဲမှုခံထားရသော သမ္မတ ယွန်းဆက်ယို အား ဖမ်းဆီးထိန်းသိမ်းမှုကို ကန့်ကွက်သည့်အနေဖြင့် ဆိုးလ်တရားရုံးတစ်ရုံးကို စီးနင်းဖျက်ဆီးမှုဖြင့် လူပေါင်း ၆၃ ဦးကို တောင်ကိုရီးယား ရှေ့နေများက တရားစွဲဆိုခဲ့ကြောင်း သိရသည်။
အကယ်၍ ပြစ်မှုထင်ရှားတွေ့ရှိခဲ့ရပါက တရားစွဲဆိုခံထားရသူများအနက် အချို့မှာ ထောင်ဒဏ် ခုနစ်နှစ်အထိ ကျခံရဖွယ်ရှိသည်။ သမ္မတ ယွန်းဆက်ယို ထိန်းသိမ်းခံထား ရမှုကို မကျေမနပ်ဖြစ်နေသည့် ယွန်းဆက်ယို ထောက်ခံသူများက ယခုနှစ် ဇန်နဝါရီလ ၁၉ ရက်တွင် ဆိုးလ်အနောက်ပိုင်းခရိုင်တရားရုံးကို ဝင်ရောက်စီးနင်းဖျက်ဆီးခဲ့ ကြသည်။
လက်ရှိအချိန်တွင် တရားရုံးစီးနင်းဖျက်ဆီးခံရမှုအတွက် လူပေါင်း ၆၃ ဦးကို တာဝန်ဝတ္တရား နှောင့်ယှက်မှု၊ နိုင်ငံပိုင်ပစ္စည်းဖျက်ဆီးမှု၊ မီးရှို့ရန်၊ တိုက်ခိုက်ရန်ကြိုးပမ်း မှုစွဲချက်များဖြင့် တရားစွဲဆို ထားသည်။
တောင်ကိုရီးယားသမ္မတ ယွန်းဆက်ယို ကို စစ်အုပ်ချုပ်ရေးဥပဒေ ကြေညာပြဋ္ဌာန်းရန် ကြိုးပမ်းမှုဖြင့် တောင်ကိုရီးယားအမျိုးသားလွှတ်တော်က ပြီးခဲ့သည့်နှစ် ဒီဇင်ဘာလတွင် စွပ်စွဲပြစ်တင်မှုပြုလုပ်ခဲ့ပြီး သမ္မတ အာဏာများ ရုပ်သိမ်းထားကြောင်းသိရသည်။
Telegram»…
https://t.me/positiveanglenews