(နိုင်ငံတကာ) ဖေဖော်ဝါရီ ၁၀

အမေရိကန်နိုင်ငံမှ ငွေကြေးထောက်ပံ့ထားရသည့် VOA နှင့် Radio Free Europe/Radio Liberty (RFE/RL) သတင်းဌာန နှစ်ခုကို ပိတ်ပစ်ရန် အီလွန်မက်စ်က တောင်းဆိုထားကြောင်းသိရသည်။
RFE/RL နှင့် VOA တို့သည် US Agency for Global Media လက်အောက်တွင် လည်ပတ်နေပြီး စစ်အေးကာလတွင် ဝါဒဖြန့်မှုများ လုပ်ဆောင်ရန် တည်ထောင်ခဲ့ခြင်းဖြစ်သည်။
အာရှဒေသတွင်လည်း VOA,RFA သတင်းဌာနများသည် ဖွံ့ဖြိုးဆဲနိုင်ငံများအား နိုင်ငံရေးမတည်မငြိမ်ဖြစ်ပေါ်စေရန် ဝါဒဖြန့်ထုတ်လွှင့်လျှက်ရှိသည်။
အီလွန်မက်စ်က အဆိုပါ မီဒီယာများသည် အမေရိကန် အခွန်ထမ်းပြည်သူများပေးဆောင်သည့် အခွန် ၁ ဘီလီယံကို နှစ်စဉ်မီးရှို့နေသည့် အရူးများဟု ဝေဖန်ပြောဆိုခဲ့သည်။
Telegram»…
https://t.me/positiveanglenews