(မှုခင်း) ဖေဖော်ဝါရီ ၉

ရန်ကုန်တိုင်းဒေသကြီး၊ မင်္ဂလာဒုံမြို့နယ်၊ သင်္ဃန်းကျွန်းကြီးကျေးရွာအုပ်စု၊ ဇေကမ္ဘာဝန်းအဝင် ၆ လမ်းသွားလမ်းမကြီး၊ လမ်းမဘေးတွင် ယာဥ်တိုက်မှုဖြစ်ပွားကြောင်း သိရသည်။

ယမန်နေ့ ည ၇ နာရီအချိန်ခန့်က ဇေကမ္ဘာဝန်းအဝင် ၆ လမ်းသွားလမ်းမကြီးဘေး၌ ရပ်ထားသောကုန်တင်နာကား၏ နောက်ပိုင်းအား ပရာဒိုကားတစ်စီးမှဝင်တိုက်မိရာ ပရာဒိုကား မောင်းနှင်သူမှာ အခင်းဖြစ်နေရာတွင်သေဆုံးသွားကြောင်း သိရသည်။
အဆိုပါ ယာဥ်တိုက်မှုကြောင့် သေဆုံးသူမှာ ယာဉ်မောင်း ဦးလှထွန်းစိုး၊ (ဘ)ဦးစိုးမြင့်၊ ၅၅ နှစ်သည် မင်္ဂလာဒုံခရိုင်ဆည်မြောင်းနှင့် ရေအရင်းမြစ်ဦးစီးဋ္ဌာန ဦးစီးမှူးဖြစ်ကြောင်း သိရှိရပြီး သေဆုံးသူ၏အလောင်းအား မြောက်ဥက္ကလာပ ဆေးရုံကြီးသို့ ပုလဲအရံမီးသတ်မှပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။
Telegram»…
https://t.me/positiveanglenews