(အားကစား) ဖေဖော်ဝါရီ ၈

ရီးရဲလ်မက်ဒရစ်အသင်းရဲ့ ဝါရင့်ကွင်းလယ်ကစားသမား မိုဒရစ် ဟာ အသင်းသမိုင်းတစ်လျှောက် အသက်အကြီးဆုံး ဂိုးသွင်းနိုင်တဲ့ စံချိန်မှတ်တမ်းတစ်ရပ်ကို ပိုင်ဆိုင်ခဲ့ပါတယ်။
စပိန်ဘုရင့်ဖလား ကွာတားဖိုင်နယ်ပွဲစဉ်ဖြစ်တဲ့ ရီးရဲလ်မက်ဒရစ်အသင်းနဲ့ လီဂါနက်စ်အသင်းတို့ ပွဲစဉ်မှာ ရီးရဲလ်အသင်းက သုံးဂိုး၊ နှစ်ဂိုးနဲ့ အနိုင်ရခဲ့ပြီး မိုဒရစ် က ရီးရဲလ်အသင်းအတွက် သွင်းဂိုးတစ်ဂိုး သွင်းယူပေးခဲ့ပြီး အဆိုပါမှတ်တမ်းကို ပိုင်ဆိုင်ခဲ့တာဖြစ်ပါတယ်။
အသက် ၃၉ နှစ်အရွယ် မိုဒရစ် ဟာ ရီးရဲလ်မက်ဒရစ်အသင်းနဲ့အတူ ၂၀၁၂-၂၀၁၃ ဘောလုံးရာသီမှ လက်ရှိ ဘောလုံးရာသီအထိ ပြိုင်ပွဲစုံ ၅၆၉ ပွဲကစားကာ ၄၂ ဂိုးအထိ သွင်းယူထားနိုင်ခဲ့တာဖြစ်ပါတယ်။
မိုဒရစ် က အခုလိုမှတ်တမ်းကောင်းကို ပိုင်ဆိုင်နိုင်ခဲ့လို့ ပျော်ရွှင်မိကြောင်းနဲ့ နောက်ထပ်လည်း မှတ်တမ်းကောင်းတွေနဲ့ အသင်းအတွက် အောင်မြင်မှုတွေရရှိအောင် ကြိုးစားသွားမှာဖြစ်ကြောင်း ပြောကြားခဲ့ပါတယ်။
Telegram»…
https://t.me/positiveanglenews