စက်သုံးဆီနဲ့ ဂက်စ်ဖြတ်လိုက်တဲ့ထိုင်းကို မြဝတီလူထုတွေ ဒီနေ့ ဆန္ဒပြမယ်

(ပြည်တွင်း) ဖေဖော်ဝါရီ ၈

ထိုင်းကလျှပ်စစ်မီးအပြင် စက်သုံးဆီနဲ့ အိမ်သုံးဂက်စ်တွေကိုပါဖြတ်တောက်လိုက်တာကြောင့် အခက်အခဲကြုံတွေ့နေရတဲ့ မြဝတီမြို့​မှာနေထိုင်တဲ့ ဒေသခံထောင်ပေါင်းများစွာက ဒီကနေ့ ဖေဖော်ဝါရီ ၈ ရက်နေ့မှာ စုပေါင်းဆန္ဒထုတ်ဖော်ပွဲတစ်ခုပြုလုပ်ဖို့ရှိနေပါတယ်။

ပြည်သူ့ဆန္ဒထုတ်ဖော်ပွဲလို့ခေါင်းစဥ်ပေးထားတဲ့ ဆန္ဒပြပွဲတစ်ခုကို ဒီနေ့ မနက် ၉ နာရီအချိန်ခန့်မှာ မြစန္ဒီပန်းခြံကနေ စုဝေးကာ အမှတ် (၁) ၊ (၂) တံတားထိပ်အထိ.လမ်းလျှောက်ဆန္ဒဖော်ထုတ်ကြမှာဖြစ်တယ်လို့လည်း သိရပါတယ်။

“ငြိမ်းစုစီတင်ပြထားတဲ့အတိုင်း ပြည်သူ့ဆန္ဒထုတ်ဖော်ကြမှာဖြစ်တယ်လို့ ဦးဆောင်သူတစ်ဦးက PAN ကိုပြောပါတယ်။

ဆန္ဒပြပွဲရဲ့အဓိကရည်ရွယ်ချက်တော့ ထိုင်းကမြန်မာဘက်ခြမ်း မြဝတီကို လျှပ်စစ်မီးအပြင် စက်သုံးဆီနဲ့ အိမ်သုံးဂက်စ်တွေကိုပါဖြတ်တောက်လိုက်တာကြောင့် မြဝတီမြို့မှာနေထိုင်တဲ့ပြည်သူတွေက ထိုင်းကုန်စည်စီးဆင်းမှုကို ပိတ်သိမ်းနိုင်ဖို့ဆိုတဲ့ ရည်ရွယ်ချက်နဲ့လုပ်ဆောင်တာဖြစ်တယ်လို့ သိရပါတယ်။

မြဝတီက အမှတ် ၁နဲ့အမှတ်၂ တံတားကိုပိတ်ပေးဖို့ ထိုင်းမြန်မာနယ်စပ်က တရားမဝင်ဂိတ်တွေကို ပိတ်ပေးဖို့ ထိုင်းကုန်စည်ကိုမသုံးစွဲကြဖို့ ဆန္ဒပြသူတွေက တောင်ဆိုဖို့ရှိနေတာဖြစ်ပါတယ်။

PAN #မြဝတီ #ထိုင်းကုန်စည် #ဆန္ဒပြ