ယူကရိန်းက နေတိုးအဖွဲ့ဝင်အဖြစ် ပါဝင်ရန် ကြိုးပမ်းမှုအပေါ် ထရမ့်၏ရပ်တည်မှုကို ကြိုဆိုဟု ရုရှား ပြောကြား


(နိုင်ငံတကာ) ဖေဖော်ဝါရီ ၇

ယူကရိန်းနိုင်ငံက နေတိုးအဖွဲ့ဝင်အဖြစ် ပါဝင်ရန် ကြိုးပမ်းမှုအပေါ် အမေရိကန်သမ္မတဒေါ်နယ်ထရမ့်၏ ရပ်တည်ချက်ကို ရုရှားက ကြိုဆိုကြောင်း ရုရှားနိုင်ငံခြားရေးဝန်ကြီး ဆာဂျီလက်ရော့ က ပြောသည်။

ယူကရိန်း နိုင်ငံက နေတိုးအဖွဲ့သို့ဝင်ရောက်မည့် အစီအစဉ်ကို ထောက်ခံခြင်းသည် မှားယွင်းသည်ဟု ဝန်ခံပြောကြားသည့် ပထမဆုံးသော အနောက်နိုင်ငံမှခေါင်းဆောင်တစ်ဦးဖြစ်ပြီး ၎င်း၏ရပ်တည်ချက်၊ သဘောထားကို ရုရှားက ကြိုဆို ကြောင်း လက်ရော့က ဖေဖော်ဝါရီလ ၅ ရက်တွင် ပြောကြားခြင်း ဖြစ်သည်။

ယူကရိန်းနိုင်ငံသည် နေတိုးအဖွဲ့ဝင် နိုင်ငံတစ်နိုင်ငံအဖြစ် မပါဝင်သင့်ဟူသော ရုရှားအစိုးရ၏ ရပ်တည်ချက် ကို နားလည်ကြောင်း ထရမ့်က ပြီးခဲ့သည့် လအတွင်း ဖလော်ရီဒါပြည်နယ်၌ သတင်းထောက်များကို ပြောကြားခဲ့သည်။

ထို့ပြင် ရုရှား၏အနေအထားနှင့်ရပ်တည်မှုကို ရှေးယခင်ကတည်းက ဖော်ပြထားပြီး ဖြစ်ကြောင်း၊ သို့သော် ယင်းအချက်ကို သမ္မတဟောင်း ဂျိုးဘိုင်ဒင်က လျစ်လျူရှုခဲ့ခြင်းကြောင့် လက်ရှိဖြစ်ပွားနေသည့် ယူကရိန်း ပဋိပက္ခ စတင်ခဲ့ခြင်း ဖြစ်သည်ဟု ထရမ့်က ဆက်လက်ပြောကြားသည်။

ယူကရိန်းနိုင်ငံက နေတိုးအဖွဲ့ဝင်အဖြစ် ပါဝင်ရန် ကြိုးပမ်းခြင်းသည် အဓိကမှားယွင်းမှု တစ်ရပ်ဖြစ်ကြောင်းကို ထရမ့် က ရှင်းလင်းစွာပြောကြားခဲ့ပြီး ဖြစ်ကြောင်း၊ အကယ်၍ အမေရိကန် ပြည်ထောင်စု၌ လွန်ခဲ့သည့် နှစ်များအတွင်း ထရမ့်သာ သမ္မတအဖြစ် ထမ်းဆောင်ခဲ့မည် ဆိုပါက ယူကရိန်းပဋိပက္ခ ဖြစ်ပွားမည်မဟုတ် ဟု လက်ရော့က ပြောကြားခဲ့ကြောင်း RT သတင်းဌာန ဖော်ပြချက် အရသိရသည်။

Telegram»…
https://t.me/positiveanglenews

PAN