(နိုင်ငံတကာ) ဖေဖော်ဝါရီ ၇

အစ္စရေးဝန်ကြီးချုပ် ဘင်ဂျမင်နေတန်ယာဟုသည် ဂါဇာကို သိမ်းပိုက်ရန် အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်၏ အဆိုပြုချက်ကို ထောက်ခံခဲ့ပြီး ပါလက်စတိုင်း ၂ သန်းနီးပါး ဂါဇာကမ်းမြောင်မှ ထွက်ခွာရန် အစီအစဉ်များကို ပြင်ဆင်ရန် အစ္စရေးစစ်တပ်က အမိန့်ပေးခဲ့ကြောင်းသိရသည်။
အင်္ဂါနေ့က အိမ်ဖြူတော်တွင်ပြုလုပ်ခဲ့သည် နေတန်ယာဟုနှင့် ပူးတွဲသတင်းစာရှင်းလင်းပွဲတွင် Trump က ၎င်း၏ အဆိုပြုချက်အား ကြေညာခဲ့ခြင်းဖြစ်သည်။
အမေရိကန်၏ အနောက်နိုင်ငံ မဟာမိတ်များက ဂါဇာကမ်းမြောင်ဒေသမှ အစုလိုက်အပြုံလိုက် ပြောင်းရွှေ့စေသည့် ထရမ့်၏ စိတ်ကူးအား ပယ်ချခဲ့သည်။
အရှေ့အလယ်ပိုင်းနိုင်ငံခေါင်းဆောင်များကလည်း ပါလက်စတိုင်းနိုင်ငံတည်ထောင်ရေးကိုသာ ထောက်ခံအားပေးသည့် ရပ်တည်ချက်အား ထပ်လောင်းအတည်ပြုထားပြီး ထရမ့်၏ အစီအစဉ် အလုပ်မဖြစ်နိုင်ကြောင်း ဝေဖန်ပြောဆိုခဲ့သည်။
ထရမ့်က ဂါဇာကမ်းမြောင်ဒေသကို အမေရိကန်မှ လွှဲပြောင်းရယူပြီး မိုင်းရှင်းလင်းရေး ပြိုကျနေသည့် အဆောက်အဦးများ ပြန်လည်ရှင်းလင်းရေးနှင့် တည်ဆောက်ရေးလုပ်ငန်းများ လုပ်ဆောင်ရန် ဂါဇာကမ်းမြောင်မှ ပြည်သူများအား အီဂျစ်နှင့် ဂျော်ဒန်နိုင်ငံများတွင် နေရာချထားမည်ဖြစ်ကြောင်းပြောဆိုခဲ့သည်။
Telegram»…
https://t.me/positiveanglenews