အကြမ်းဖက် PDF အဖွဲ့က ထွေအုပ်စာရေးတစ်ဦးအား သတ်ဖြတ်


(ပြည်တွင်း) ဖေဖော်ဝါရီ ၆

မကွေးတိုင်းဒေသကြီး၊ နတ်မောက်မြို့နယ်၊ သမှုန်းပင်အုပ်စု၊ ပိတောက်ကုန်းကျေးရွာတွင် ထုံးပေါက်ချိုင်းကျေးရွာက ထွေအုပ်စာရေးတစ်ဦးအား ဖေဖော်ဝါရီ ၅ ရက်ညနေ ၅ နာရီ ၃၀ မိနစ်အချိန်ခန့်က အကြမ်းဖက် PDF အဖွဲ့က သတ်ဖြတ်သွားခဲ့ကြောင်း သိရသည်။

အကြမ်းဖက် PDF အဖွဲ့၏ သတ်ဖြတ်ခြင်းခံရသော ထွေအုပ်စာရေး ကိုအောင်ကိုဦး၊ အသက် ၃၃ နှစ်မှာ ထုံးပေါက်ချိုင်းကျေးရွာမှ ပိတောက်ကုန်းရွာသို့ ရောက်ရှိနေချိန် ၎င်းနေထိုင်ရာ နေအိမ်သို့ အကြမ်းဖက် PDF အဖွဲ့မျာရောက်ရှိလာကာ သေနတ်ဖြင့် ၄ ချက်ခန့်ပစ်သတ်သွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ထိုသို့ အုပ်ချုပ်ရေးပိုင်းဆိုင်ရာ တာဝန်ရှိသူများနှင့် အပြစ်မဲ့ အရပ်သားပြည်သူများအား “ငါနှင့်မတူ၊ ငါ့ရန်သူ”ဟူသည့် တစ်ဖက်သတ်အစွန်းရောက်ဂိုဏ်းဂဏစွဲအပေါ် အခြေခံကာ အကြောင်းမဲ့ ပစ်ခတ်သတ်ဖြတ်မှု ကျူးလွန်ခဲ့သူများအား ဖော်ထုတ်ဖမ်းဆီး၍ ဥပဒေနှင့်အညီ အရေးယူနိုင်ရေး လုံခြုံရေးတပ်ဖွဲ့ဝင်များက ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိသည်။

Telegram»…
https://t.me/positiveanglenews

PAN