(နိုင်ငံတကာ) ဖေဖော်ဝါရီ ၆

နေထိုင်ခွင့် အထောက်အထားမဲ့ ဒါမှမဟုတ် တရားမဝင်ရောက်ရှိနေသူဖြစ်ပါက အိမ်ရှင်အစိုးရဲ့ တာဝန်ရှိသူတွေက ပြည်နှင်ချိန်မှ ထွက်ခွာခြင်းထက် ကြိုတင်ထွက်ခွာသင့်ပါကြောင်း ဆိုတဲ့အချက်ပါဝင်တဲ့ ဖေဖော်ဝါရီလ ၅ ရက် ရက်စွဲနဲ့ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်သံရုံး ဝါရှင်တန်မြို့ အသိပေးကြေညာချက်ဆိုတဲ့ စာတစ်ဆောင် ထွက်ပေါ်နေပါတယ်။
သံရုံးရဲ့အသိပေးကြေညာချက်ဆိုတဲ့အထဲမှာ အမေရိကန်နိုင်ငံရောက် မြန်မာနိုင်ငံသားတွေအနေနဲ့ အကြောင်းကြောင်းကြောင့် နေထိုင်ခွင့် ဗီဇာ စတဲ့ တရားဝင်အထောက်အထားတွေ သက်တမ်းကုန်ဆုံးခြင်းစတာတို့ ကြုံတွေ့နေရပါက အထောက်အထားမဲ့ နိုင်ငံခြားသား နေရပ်ရွှေ့ပြောင်းသူအဖြစ် သတ်မှတ်ခံရကာ ပြည်နှင်မယ့်အနေ အထားတွေ ဖြစ်ပေါ်လာနိုင်တာကြောင့် ကာယကံရှင်တွေရဲ့ ပုဂ္ဂလိကအစီအစဉ်နဲ့ နေထိုင်ခွင့်ရရှိရေး ကြိုတင်ဆောင်ရွက်နိုင်ကြဖို့ အသိပေးအကြောင်းကြားတယ်လို့ ပြောဆိုထားပါတယ်။
ဒါ့အပြင် တကယ်လို့ နေထိုင်ခွင့် အထောက်အထားမဲ့ ဒါမှမဟုတ် တရားမဝင်ရောက်ရှိနေသူဖြစ်ပါက အိမ်ရှင်အစိုးရဲ့ တာဝန်ရှိသူတွေက ပြည်နှင်ချိန်မှ ထွက်ခွာခြင်းထက် ကြိုတင်ထွက်ခွာသင့်ပြီး မြန်မာနိုင်ငံအပြန်ခရီးအတွက် ဘယ်ခရီးသွားလက်မှတ်အမျိုးအစားမျှ မရှိပါက ဒါမှမဟုတ် နိုင်ငံကူး လက်မှတ်ဟာ ကာလကြာမြင့်စွာ သက်တမ်းလွန်နေပါက မည်သူမည်ဝါဖြစ်ကြောင်း သက်သေခံ လက်မှတ် လျှောက်ထားနိုင်တယ်လို့လည်း ပြောဆိုထားပါတယ်။
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်သံရုံး ဝါရှင်တန်မြို့ အသိပေးကြေညာချက်နဲ့ပတ်သက်ပြီး နိုင်ငံခြားရေးဝန်ကြီးဌာနရဲ့ အင်တာနက်စာမျက်နှာတွေအပြင် ဝါရှင်တန်မှာရှိတဲ့ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်သံရုံးရဲ့ အင်တာနက်စာမျက်နှာတွေနဲ့ ဝက်ဆိုက်ဒ်တွေမှာ ထုတ်ပြန်ဖော်ပြထားတာမတွေ့ရပေမယ့် အင်တာနက်မှာတော့ ပြန်နှံ့နေပါတယ်။
Telegram»…
https://t.me/positiveanglenews