(အားကစား) ဖေဖော်ဝါရီ ၅

ကယန်းလက်ဝှေ့မယ်ဘရော်နီကာ၏ ပထမဆုံး One Championship အဖွင့်ပွဲကို လာမယ့် ဖေဖော်ဝါရီလ ၁၄ ရက်မှာ ONE Friday Fights 97 ခေါင်းစဥ်အောက်တွင် ယှဥ်ပြိုင်ထိုးသတ်သွားမယ်လို့ သိရပါတယ်။
ဘရော်နီကာ ရဲ့ ပြိုင်ဘက်လက်ဝှေ့မယ်မှာ ချီလီနိုင်ငံသူ ဖရန်စစ္စကာ ဗီရာ ဖြစ်ပြီး ၎င်းတို့နှစ်ဦးဟာ အမျိုးသမီးအက်တမ်ဝိတ်တန်းမှာ ယှဥ်ပြိုင်ထိုးသတ်သွားမယ်လို့ သိရပါတယ်။
ချီလီနိုင်ငံသူ ဖရန်စစ္စကာ ဗီရာသည် အသက် ၂၅ နှစ်၊ အရပ်အမြင့် ၅ ပေ ၇ လက်မ ရှိကာ One Championship မှာ ၅ ပွဲ ယှဥ်ပြိုင် ထိုးသတ်ထားပြီး ၂ ပွဲနိုင် ၃ ပွဲရှုံး ရလဒ်ရရှိထားသူဖြစ်ပါတယ်။
ဘရော်နီကာ က Thai Fight ပြိုင်ပွဲမှာ ချန်ပီယံခါးပတ်ရရှိထားသူဖြစ်ပြီး One Championship နှင့်လက်တွဲရန် ပြီးခဲ့တဲ့ ဇန်နဝါရီလအတွင်းက တရားဝင်စာချုပ်ချုပ်ဆိုခဲ့ခြင်းဖြစ်ပါတယ်။
Telegram»…
https://t.me/positiveanglenews