(မှုခင်း) ဖေဖော်ဝါရီ ၅

နေပြည်တော်၊ တပ်ကုန်းမြို့နယ်၊ နွယ်ရစ်ကျေးရွာအုပ်စု၊ လေးအိမ်စုကျေးရွာတွင် ယမန်နေ့ည ၁၀ နာရီ ၄၅ မိနစ်အချိန်ခန့်က ဝါယာရှော့ဖြစ်ရာမှတစ်ဆင့် မီးလောင်မှူဖြစ်ပွားခဲ့ရာ မီးသတ်တပ်ဖွဲ့ဝင်များမှ မီးငြိမ်းသတ်ခဲ့ရကြောင်း သိရသည်။

မီးလောင်မှုဖြစ်စဥ်တွင် ဦးသောင်းရီ ၏ မီးဖိုအတွင်း သွယ်တန်းထားသော လျှပ်စစ်ဝါယာကြိုး ဝါယာရှော့ဖြစ်ရာမှတစ်ဆင့် မီးစတင်လောင်ကျွမ်းခြင်းဖြစ်ကြောင်း မီးလောင်ရာနေရာသို့ မြို့နယ်မီးသတ်တပ်ဖွဲ့မှ မီးသတ်ယာဥ် ၂ စီးဖြင့်သွားရောက် မီးငြိမ်းသတ်ခဲ့ရာ ည ၁၁ နာရီ ၂၀ မိနစ်အချိန်ခန့်တွင် မီးထိန်းနိုင်ခဲ့ပြီး ည ၁၁ နာရီ ၂၂ မိနစ်အချိန်ခန့်တွင် မီးငြိမ်းသွားခဲ့ကြောင်း သိရသည်။

အဆိုပါ မီးလောင်မှုကြောင့် လူနေအိမ် ၃ လုံး မီးလောင်းဆုံးရှုံးခဲ့ပြီး ဦးသောင်းရီအား ဥပဒေအရ အမှူဖွင့်အရေးယူနိုင်ရေး စီစဥ်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
Telegram»…
https://t.me/positiveanglenews