(နိုင်ငံတကာ) ဖေဖော်ဝါရီ ၅

ဆွီဒင်နိုင်ငံအလယ်ပိုင်းရှိ စာသင်ကျောင်းတစ်ကျောင်းတွင် ပစ်ခတ်မှုဖြစ်ပွားပြီး ၁၁ ဦးခန့်သေဆုံးခဲ့ကြောင်း ရဲတပ်ဖွဲ့ကဆိုသည်။
ဆွီဒင်နိုင်ငံအလယ်ပိုင်း အော်ရီဘရိုမြို့ရှိ ကျောင်းဝင်းတစ်ခုတွင် သေနတ်သမားတစ်ဦး၏ ပစ်ခတ်မှုကြောင့် လူအများအပြား သေဆုံးဒဏ်ရာရခဲ့ကြောင်းသိရသည်။
ပစ်မှုဖြစ်ပွားခြင်းမတိုင်မီ ပစ်မှုကျူးလွန်သူအား သိရှိခြင်းမရှိကြောင်း မည်သည့် အခြေအနေအယူဝါဒကြောင့် ပစ်ခတ်ခဲ့သည်ကို ဖော်ပြသည့် အချက်အလက်မရှိသေးကြောင်း ရဲတပ်ဖွဲ့က ပြောဆိုခဲ့သော်လည်း သေနတ်သမား အသုံးပြုခဲ့သည့် လက်နက်အမျိုးအစားကိုလည်း ထုတ်ဖော်ပြောဆိုခြင်းမရှိကြောင်းသိရသည်။
အဆိုပါ ပစ်ခတ်မှုသည် ဆွီဒင်သမိုင်းတစ်လျှောက် အဆိုးဝါးဆုံးဖြစ်စဉ်ဖြစ်ပြီး မြို့တော် ရဲတပ်ဖွဲ့အကြီးအကဲက “သူတစ်ဦးတည်း ကျူးလွန်ခဲ့တာလို့ ကျွန်တော်တို့ထင်ပါတယ် ဒါဟာ ကြောက်စရာကောင်းတဲ့ အဖြစ်အပျက်ပါပဲ ဟု ဆိုသည်။
ဖြစ်စဉ်တွင် သံသယရှိသူမှင့်အတူ အနည်းဆုံးလူ ၁၁ ဦးသေဆုံးခဲ့ပြီး ဒဏ်ရာရရှိသူများအား တက္ကသိုလ်ဆေးရုံသို့ပို့ဆောင်ထားပြီး ဆေးရုံတင်ပို့ထားသည့် လူ ၆ ဦးအနက် ခွဲစိတ်ကုသမှုခံယူထားသူနှစ်ဦးနှင့် အခြား ဒဏ်ရာရရှိသူနှစ်ဦးသာ အခြေအနေ တည်ငြိမ်သေးကြောင်းသိရသည်။
အပြန်အလှန်ပစ်ခတ်မှုများဖြစ်ပွားခဲ့ပြီးနောက် ရဲတပ်ဖွဲ့မှ အဆိုပါနေရာအား ပိတ်ဆို့ကာ စုံစမ်းစစ်ဆေးမှုများ လုပ်ဆောင်နေပြီး ဒေသခံများအား နေအိမ်တွင်သာ နေထိုင်ကြရန် ညွှန်ကြားထားကြောင်းသိရသည်။
Telegram»…
https://t.me/positiveanglenews