ပြည်ပမှပြန်လည်ဝင်ရောက်လာသည့် အလုပ်သမားများကို အလုပ်ရရှိရန်ချိတ်ဆက်ပေးနေ


(ပြည်တွင်း) ဖေဖော်ဝါရီ ၄

ပြည်ပမှပြန်လည်ဝင်ရောက်လာတဲ့ အလုပ်သမားများကျွမ်းကျင်မှု အလိုက်အလုပ် ရရှိရန်ချိတ်ဆက် ဆောင်ရွက်ပေးနေတယ်လို့ အလုပ်သမားဝန်ကြီးဌာနမှ အသိပေးထုတ်ပြန်ခဲ့ပါတယ်။

အလုပ်သမားဝန်ကြီးဌာနမှ အမေရိကန်အစိုးရရဲ့ ၂၀၂၄ ခုနှစ်၊ လူကုန်ကူးမှုတိုက်ဖျက်ရေးဆိုင်ရာ အစီရင်ခံစာ ပါ အကြံပြုချက်များနှင့်ပတ်သက်၍ ၂ဝ၂၅ ခုနှစ်၊ ဇန်နဝါရီလအတွင်း အကောင်အထည်ဖော်ဆောင်ရွက်နေမှု အခြေအနေကို အသိပေးထုတ်ပြန်ခဲ့ခြင်း ဖြစ်ပါတယ်။

ပြည်ပမှ ပြန်လည်ဝင်ရောက်လာတဲ့ အလုပ်သမားများအနေနဲ့ နေပြည်တော်အပါအဝင် တိုင်းဒေသကြီးနှင့်ပြည်နယ် ၁၅ ခုရှိ အလုပ်အကိုင်နှင့် အလုပ်သမားရှာဖွေရေးရုံးများတွင် အလုပ်သမားမှတ်ပုံတင်နိုင်တယ်လို့ ထုတ်ပြန်ချက်အရ သိရပါတယ်။

အခုလိုအလုပ်သမား မှတ်ပုံတင်ထားသူများအတွက် အလုပ်အကိုင်နှင့်အလုပ်သမား ရှာဖွေရေးရုံးများက အလုပ်ရှင်များထံမှ အမှာစာများလက်ခံကာ ၎င်းတို့ရဲ့ကျွမ်းကျင်မှုအလိုက်အလုပ်ရရှိရန် ချိတ်ဆက်ဆောင်ရွက်ပေးနေ တယ်လို့ သိရပါတယ်။

ထို့အတူ ထိုင်းနိုင်ငံ၌ အကြောင်းအမျိုးမျိုးကြောင့်ဖမ်းဆီးခံရတဲ့ မြန်မာ အလုပ်သမားများကို တရားဝင်ပြန်လည်လွှဲပြောင်းပေးခြင်းကို သက်ဆိုင်ရာနယ်စပ်ဂိတ်များမှာ ကော်မတီများဖွဲ့စည်း၍ ပြန်လည်ကြိုဆို လက်ခံလျက်ရှိရာ ၂၀၂၅ ခုနှစ်၊ ဇန်နဝါရီလအတွင်း အမျိုးသား ၁၂၇ ဦး၊ အမျိုးသမီး ၂၇ ဦး စုစုပေါင်း ၁၅၄ ဦးကို ပြန်လည်ကြိုဆိုလက်ခံခဲ့တယ်လို့ ထုတ်ပြန်ချက်မှာ ရေးသားထားပါတယ်။

Telegram»…
https://t.me/positiveanglenews

PAN