ထရမ့်၏မူဝါဒကို ဥရောပခေါင်းဆောင်များက ဆက်လက်လိုက်နာရဖွယ်ရှိဟု ပူတင်ပြော


(နိုင်ငံတကာ) ဇန်နဝါရီ ၃

ဥရောပရှိ ထိပ်တန်းခေါင်းဆောင်များအနေဖြင့် အမေရိကန်သမ္မတဒေါ်နယ်ထရမ့်၏ မူဝါဒကို ဆက်လက် လိုက်နာရဖွယ်ရှိကြောင်း ရုရှားသမ္မတ ဗလာဒီမာ ပူတင် က ဖေဖော်ဝါရီလ ၂ ရက်တွင် ပြောသည်။

ထရမ့်၏ ဝိသေသလက္ခဏာ၊ မဆုတ်မနစ်ကြိုးပမ်း ပြောဆိုမှုတို့ကြောင့် ဥရောပတွင် အစီအစဉ်ကျမှုကို အလျင်အမြန် ဖြစ်ပေါ်စေမည်ဖြစ်ကြောင်း ပူတင်က သတင်းထောက်တစ်ဦးဖြစ်သူ ပါဗယ်ဇာရူဘင်နှင့်ပြုလုပ်သည့် တွေ့ဆုံ မေးမြန်းခန်းတစ်ခု၌ ပြောခြင်းဖြစ်သည်။

ထို့ပြင် လက်ရှိ ဥရောပခေါင်းဆောင်များသည် ယခင်ခေါင်းဆောင်ဟောင်းများနှင့် နှိုင်းယှဉ်ပါက ၎င်းတို့၏ ကိုယ်ပိုင်အတွေးအခေါ်အတွက် တိုက်ခိုက်ရန် ရဲရင့်မှုမရှိကြောင်း၊ ထို့ပြင် ဥရောပခေါင်းဆောင်များသည် ၎င်းတို့၏ ဘဝတွင် ယခင်ကလုပ်ဆောင်ခဲ့ခြင်းမရှိသော ဆောင်ရွက်ချက်များတွင် ပါဝင်လျက်ရှိကြောင်း ပူတင်က ဆက်လက် ပြောကြားခဲ့သည်။

အမေရိကန်သမ္မတအဖြစ် ထရမ့် ပြန်လည်တက်ရောက်လာမည်ကို ဥရောပခေါင်းဆောင် အများအပြားက စိုးရိမ်မကင်းဖြစ်ခဲ့ရသည်ဟု ပြီးခဲ့သည့်နှစ် မဲဆွယ်ပွဲကာလ တစ်လျှောက်လုံး၌ ပြောကြားခဲ့ ကြောင်း ပူတင်က ဆက်လက်ပြောကြားခဲ့ကြောင်း Pravda သတင်းဌာနတွင် ဖော်ပြထားသည်။

Telegram»…
https://t.me/positiveanglenews

PAN