အင်းစိန်ယာဉ်တိုက်မှုတွင် ယာဥ်အတွင်းညှပ်မိနေသည့် အမျိုးသမီးတစ်ဦအားကယ်ဆယ်နိုင်ခဲ့ဟုဆို

(မှုခင်း)ဖေဖော်ဝါရီ ၂

ရန်ကုန်တိုင်းဒေသကြီး၊ အင်းစိန်မြို့နယ်၊ ဖော့ကန်ရပ်ကွက်၊ အောက်မင်္ဂလာဒုံလမ်း၊ ဖော့ကန်ဈေးရှေ့တွင် ဖြစ်ပွားခဲ့သည့်ယာဥ်တိုက်မှုအတွင်းတွင် ညှပ်မိနေသည့် အမျိုးသမီးတစ်ဦးအား ကယ်ဆယ်နိုင်ခဲ့ကောင်း ကယ်ဆယ်ရေးအဖွဲ့များထံမှ သိရသည်။

ယနေ့ ဖေဖော်ဝါရီ ၂ ရက်နေ့ နံနက် ၁၀ နါရီ ၂၇ မိနစ်အချိန်ခန့်ကဖြစ်ပွားခဲ့သည့် ယာဉ်တိုက်မှုတွင် ကားအတွင်းညပ်နေသည့်အမျိုးသမီးတစ်ဦးအား အင်းစိန်မြို့နယ်မီးသတ်စခန်းမှ ရှာဖွေကယ်ဆယ်ရေးတပ်ဖွဲ့ဝင်များမှ ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်ပေးခဲ့ရကြောင်း သိရသည်။

အဆိုပါ ယာဉ်အတွင်းညပ်နေသူအမျိုးသမီးအားပြန်လည်ရှင်သန်ရေးလူမှုကူညီရေးအသင်းမှ သူနာတင်ယာဉ်ဖြင့် အင်းစိန်ပြည်သူ့ဆေးရုံသို့ ပို့ဆောင်ခဲ့ကြောင်း သိရသည်။

#PAN #အင်းစိန် #ယာဥ်တိုက်မှုဖြစ်