သထုံမြို့နယ်တွင် အကြမ်းဖက်သမားများ ထောင်ထားသော လက်လုပ်ချိန်ကိုက်မိုင်များ ရှင်းလင်း


(ပြည်တွင်း) ဇန်နဝါရီ ၃၀

မွန်ပြည်နယ်၊ သထုံမြို့နယ်၊ နောင်ကုလားကျေးရွာနှင့် ထိန်ပင်ကျေးရွာကြားရှိ မော်လမြိုင်-ရန်ကုန်ရထားလမ်း၊ မိုင်တိုင်အမှတ်(၈၆)တွင် ယနေ့ နံနက် ၉ နာရီ ၃၀ မိနစ်အချိန်ခန့်က လက်လုပ်ချိန်ကိုက်မိုင်း ၁ လုံးတွေ့ရှိခဲ့သောကြောင့် လုံခြုံရေးတပ်ဖွဲ့ဝင်များမှ သွားရောက်ရှင်းလင်းခဲ့ကြောင်း သိရသည်။

အဆိုပါနေရာတွင် ကြွပ်ကြွပ်အိတ်အဖြူရောင်အတွင်း ယမ်းများအား ပလပ်စတစ်ဖြင့်ထုပ်၍ လက်ကိုင်ဖုန်းဖြင့်ချိတ်ဆက်ထားသည့် လက်လုပ်မိုင်း ၁ လုံးကို လုံခြုံရေးတပ်ဖွဲ့ဝင်များက သက်မဲ့ပြုလုပ်ခဲ့ပြီး ဖုန်းနှင့် ယမ်းများကို သိမ်းဆည်းရရှိခဲ့ကြကြောင်း သိရသည်။

ထို့အတူ ယနေ့ နံနက် ၁၁ နာရီ ၃၀ မိနစ်အချိန်ခန့်ကလည်း ကျိုက္ကော်ရပ်ကွက်၊ အောက်ကျင်းပိုင်း၊ ကတိုက်ကလေး-ကျိုက္ကော်ကားလမ်းဘေးရှိကွင်း အမှတ် (၅၈၃)ရှိ ဦးအောင်သိန်းပိုင် ဆိုင်သည့် စပါးရိတ်ထားသော လယ်ကွင်းအစပ်တွင် FALCOL SUPER 2000 တံဆိပ်ပါ အစိမ်းရောင်အင်ဂျင်ဝိုင်သံပုံးနှင့် Hello တံဆိပ်ပါ အဖြူရောင် အနားကွပ် အမဲရောင်ကီးပတ်ဖုန်းဖြင့် ပြုလုပ်ထားသော လက်လုပ်မိုင်း ၁ လုံးကိုလည်း သက်မဲ့ပြုလုပ်၍ သိမ်းဆည်းနိုင်ခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။

Telegram»…
https://t.me/positiveanglenews

PAN