(အားကစား) ဇန်နဝါရီ ၂၉

ရီးရဲလ်မက်ဒရစ်အသင်း တိုက်စစ်ကစားသမား ဘာပေ ဟာ နစ္စတယ်ရွိုင်း၊ ဂါရတ်ဘေး၊ အဒီဘာယော တို့ နောက်ပိုင်း အသင်းသမိုင်းတစ်လျှောက် လာလီဂါပြိုင်ပွဲတွင် စတုတ္ထမြောက်အမြန်ဆုံး ဟက်ထရစ်ဂိုး သွင်းယူနိုင်ခဲ့တဲ့ စံချိန်ကို ရရှိခဲ့ပါတယ်။
ဘာပေ အနေနဲ့ လာလီဂါပွဲစဉ်အဖြစ် ရီးရဲလ်အသင်းနဲ့ ဗယ်လာဒိုးလစ်အသင်းတို့ပွဲစဉ်မှာ ဟက်ထရစ်ဂိုး သွင်းယူနိုင်ခဲ့ပြီးနောက် အခုလိုမှတ်တမ်းကောင်းကို ပိုင်ဆိုင်ခဲ့တာ ဖြစ်ပါတယ်။
ဘာပေ ဟာ လက်ရှိဘောလုံးရာသီမှာ ရီးရဲလ်အသင်းနဲ့အတူ ပြိုင်ပွဲစုံ ၃၂ ပွဲကစားပြီး ၂၂ ဂိုးသွင်းယူကာ ခြေစွမ်းကောင်းကို ပြသနေခဲ့တာဖြစ်ပါတယ်။
ဘာပေ က အခုလိုစံချိန်မှတ်တမ်းတစ်ရပ်ကို ရရှိခဲ့လို့ ပျော်ရွှင်မိကြောင်းနဲ့ အသင်းနဲ့အတူ အောင်မြင်မှုတွေကို ရယူနိုင်ဖို့ ဆက်လက်ကြိုးစားသွားမှာဖြစ်ကြောင်း ပြောကြားခဲ့ပါတယ်။
Telegram»…
https://t.me/positiveanglenews