တူကီယေးက သမိုင်းဝင်ရေတပ်စခန်းတည်ဆောက်မည်


(နိုင်ငံတကာ) ဇန်နဝါရီ ၂၈

တူကီယေး(တူရကီ)စစ်တပ်က ရေတပ်တိုးချဲ့ရေး မဟာဗျူဟာအတွက် အကြီးဆုံး သမိုင်းဝင်ရေတပ်စခန်း တည်ဆောက်မည်ဖြစ်ကြောင်းသိရသည်။

လေယာဉ်တင်သင်္ဘော အပါအဝင် တူရကီရေတပ်၏ အဆင့်မြင့်ဆုံး ရေယာဉ်များ ထားရှိရန် စီမံကိန်းသည် ကျယ်ဝန်းသော ဆိပ်ကမ်းများ၊ ဆိပ်ခံများနှင့် ကမ်းရိုးတန်း အဆောက်အဦများ တည်ဆောက်ရေး စီမံကိန်းကို ဗဟိုပြုထားကြောင်း ကာကွယ်ရေးဝန်ကြီး Turk က X လူမှုကွန်ယက်တွင်မျှဝေထားသည်။

တူရကီရေတပ်၏ ထောက်ပံ့ပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာန၏ အင်ဂျင်နီယာဌာနမှ ရေတပ်ဗိုလ်ချုပ်ကြီး Tayfun Öznel က ပရောဂျက်အတွက် ဒီဇိုင်းလုပ်ငန်းများ ပြီးမြောက်ပြီးဖြစ်ကာ အခြေစိုက်စခန်းသည် Aksaz တွင် တည်ရှိမည်ဖြစ်ကြောင်း အတည်ပြုခဲ့သည်။

ခန့်မှန်းခြေ ယူရို သန်း ၃၅၀ ခန့် ကုန်ကျမည့် အဆိုပါ ပရောဂျက်ကို လျင်မြန်စွာ အကောင်အထည်ဖော်နေပြီး အခြားငွေကြေးဆိုင်ရာ ဖြေရှင်းနည်းများကို လက်ရှိတွင် ရှာဖွေလျက်ရှိကြောင်းသိရသည်။

အခြေစိုက်စခန်းသစ်သည် တူကီယေး၏ ရေတပ်ကာကွယ်ရေးစွမ်းရည်များ အားကောင်းလာစေရန်၊ ၎င်း၏ ရေကြောင်းတည်ရှိမှုကို မြှင့်တင်ရန်နှင့် TCG Anadolu ကဲ့သို့သော ရေတပ်ပိုင်ဆိုင်မှုကြီးများအတွက် စစ်ဆင်ရေးဆိုင်ရာ အဆင်သင့်ရှိစေရေးတို့အတွက် အရေးကြီးသောအခန်းကဏ္ဍမှ ပါဝင်မည်ဖြစ်သည်။

Telegram»…
https://t.me/positiveanglenews

PAN