(ပြည်တွင်း) ဇန်နဝါရီ ၂၆
ရန်ကုန်တိုင်းအတွင်းမှာ မြူခိုးတွေ များပြားစွာကျဆင်းနေတာကြောင့် မြူများကျဆင်းနေခြင်းကြောင့် ပြည်တွင်း/ပြည်ပလေကြောင်းခရီးစဥ်တွေ ခေတ္တဆိုင်းငံ့ထားရတယ်လို့ သိရပါတယ်။

မြူတွေကြောင့် လေကြောင်းနဲ့ခရီးသွားမယ့် ခရီးသည်တွေ ရန်ကုန်လေဆိပ်မှာပိတ်မိနေဆဲ ဖြစ်ပြီး ဘယ်အချိန်ထွက်ခွာနိုင်မယ်ဆိုတာကိုမသိနိုင်သေးဘူးလို့ လေဆိပ်ဝင်းအတွင်းရောက်ရှိနေသူတစ်ဦးကပြောပါတယ်။
ဒီနေ့ ဇန်နဝါရီ (၂၆)ရက် နံနက် (၈)နာရီကျော်အချိန်အထိ ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်အတွင်း မြူတွေ သိပ်သည်းစွာ ကျဆင်းနေတာကြောင့် ပြည်တွင်း/ပြည်ပလေကြောင်းခရီးစဥ်တွေ ခေတ္တဆိုင်းငံ့ထားတာဖြစ်ပါတယ်။

ရန်ကုန်တိုင်းအတွင်း ယနေ့ ဇန်နဝါရီ (၂၆)ရက်နေ့ မနက် ၃ နာရီခွဲခန့်လောက်က မြူတွေစတင်ကျဆင်းခဲ့ပြီး နေထွက်ချိန် နံနက် ၈ နာရီအချိန်အထိ.အများအပြား ကျဆင်းနေဆဲဖြစ်တယ်လို့ သိရပါတယ်။
#PAN #မြူကျ #ရန်ကုန်လေဆိပ်