တိုက်စစ်မှူး ခရစ်ဝုဒ် နဲ့ သက်တမ်းတိုးစာချုပ်ချုပ်ခဲ့တဲ့ နော်တင်ဟမ်အသင်း


(အားကစား) ဇန်နဝါရီ ၂၅

နော်တင်ဟမ်အသင်းက စာချုပ်သက်တမ်းကုန်ဆုံးတော့မည့် တိုက်စစ်မှူး ခရစ်ဝုဒ် ကို နှစ်နှစ်သက်တမ်း စာချုပ်ချုပ်ဆိုနိုင်ခဲ့ကြောင်း သိရပါတယ်။

တိုက်စစ်မှူး ခရစ်ဝုဒ် ဟာ လက်ရှိဘောလုံးရာသီ ပရီးမီးယားလိဂ်တွင် နော်တင်ဟမ်အသင်းကို အမှတ်ပေးပွဲ ၂၂ ပွဲ၌ သွင်းဂိုး ၁၄ ဂိုးအထိသွင်းယူပြီး အမှတ်ပေးဇယား အဆင့်(၃)နေရာသို့ ပို့ဆောင်ပေးနိုင်ခဲ့လို့ အသင်းတာဝန်ရှိသူများက သက်တမ်းတိုးခဲ့ခြင်းဖြစ်ပါတယ်။

ခရစ်ဝုဒ် ကို မေဂျာလိဂ်ကလပ်အသင်းများနဲ့ ဆော်ဒီကလပ်အသင်းများက မြင့်မားတဲ့ပြောင်းရွှေ့ကြေးနဲ့ ကမ်းလှမ်းခဲ့သော်လည်း ၎င်းက နည်းပြ ဆန်းတို့စ်နဲ့သာ လက်တွဲရန်ဆုံးဖြတ်ခဲ့တာဖြစ်ပါတယ်။

ခရစ်ဝုဒ် ဟာ ၂၀၂၃ ခုနှစ်၊ ဇန်နဝါရီလမှာ နယူးကာဆယ်အသင်းမှ နော်တင်ဟမ်အသင်းသို့ အငှားစာချုပ်ဖြင့် ပြောင်းရွှေ့ခဲ့ပြီး ခြေစွမ်းပြနိုင်ခဲ့လို့ နော်တင်ဟမ်အသင်းက အပြီးသတ်ခေါ်ယူခဲ့တာဖြစ်ပါတယ်။

Telegram»…
https://t.me/positiveanglenews

PAN