(မှုခင်း) ဇန်နဝါရီ ၂၄
ပဲခူးတိုင်းဒေသကြီး ၊ ပဲခူးမြို့နယ်အတွင်းရှိ စာသင်ကျောင်းတစ်ခုတွင် တစ်တန်းကျောင်းသားကလေးငယ်အပါအဝင် မူလတန်းမှအလယ်တန်းကျောင်းသားများအထိ လိင်တူအဓမ္မပြုကျင့်ခဲ့သူ အသက် ၂၉ နှစ်အရွယ်ရှိ ယာယီကျောင်းအုပ်ကြီးတာဝန်ယူထားသော ကျောင်းဆရာတစ်ဦးကို ပဲခူးမြို့မရဲစခန်းမှ လိင်တူအဓမ္မပြုကျင့်မှုဖွင့် ဖမ်းဆီးအရေးယူထားကြောင်းသိရသည်။

ဖြစ်စဥ်မှာ ဇန်နဝါရီလ ၂၃ရက်နေ့ နံနက် ၉နာရီအချိန်ခန့်က ပဲခူးမြို့၊ မုက္ကလကျေးရွာတွင် ဦးဝင်းဇော် အုပ်ချုပ်ရေးမှူး(မုက္ကလကျောင်းကော်မတီဥက္ကဌ) မုက္ကလ ကျေးရွာနေသူထံသို့ ကျောင်းအကျိုးတော်ဆောင် ဦးဝင်းထိုက်နေသူမှ ရောက်ရှိလာပြီး မောင်…….၊ ၁၁နှစ်၊ (၄)တန်းကျောင်းသား၊ အလက(ခွဲ)မုက္ကလစာသင်ကျောင်းတွင်ပညာသင်ကြားနေသူ၏ မိဘများမှရောက်ရှိလာပြီး၎င်းတို့၏ သားဖြစ်သူအား မုက္ကလကျေးရွာကျောင်းတွင် လက်ရှိယာယီကျောင်းအုပ်အဖြစ် တာဝန်ထမ်းဆောင်နေသူ သက်ဇော်အောင်၊ ၂၉နှစ်၊ (ဘ) ဦးမောင်ကြည်၊ ကျောင်းဆရာ၊ စိုင်တီကျေးရွာ၊ ပဲခူးမြို့ နေသူမှ အလိုမတူဘဲကာမဆက်ဆံပြီး၊ တခြား ကျောင်းသားများကိုလည်း ယင်းကဲ့သို့ အလိုမတူဘဲကာမဆက်ဆံခဲ့ကြောင်းလာရောက် တိုင်ကြားခဲ့သဖြင့် ကလေးငယ်အား မေးမြန်းခဲ့ရာ ညနေကျောင်းဆင်းသချိန်တွင် ကျောင်းဆင်းပြီးနောက် ကျောင်းသားများမရှိတော့သည့်အချိန်တွင် ကျောင်းအုပ်ရုံးခန်းသို့ လာရောက်ရန် ပြောကြားခဲ့ကြောင်း အပေါ်ထပ်ကျောင်း အုပ်ရုံးခန်းရှိ ကော်ဇော်ပေါ်တွင် ယာယီကျောင်းအုပ်ဆရာမှ ဇန်နဝါရီလ ၁၅ ရက်နေ့ နှင့် ၁၆ ရက်နေ့တို့တွင် အတင်းအဓမ္မ အလိုမတူဘဲ ကာမ(၂)ကြိမ်ဆက်ဆံခဲ့ကြောင်း ပြောပြသဖြင့် အခြားကျောင်းသားများအားထပ်မံမေးမြန်းခဲ့ရာတွင် အဆိုပါကျောင်းဆရာမှ အခြားကျောင်းသားများကိုလည်း မုက္ကလကျောင်းရှိ ကျောင်းရုံးခန်းနှင့် စိုင်တီကျေးရွာရှိ ၎င်း၏နေအိမ်တို့တွင် ထိုကဲ့သို့ ပြုမူဆက်ဆံကြောင်း သိရှိရသဖြင့် မေးမြန်းခဲ့ရာတွင်ထပ်မံ၍စစ်ဆေးခဲ့ရာ တစ်တန်းကျောင်းသား ၁ ဦး ၊ နှစ်တန်းကျောင်းသား ၂ ဦး ၊ သုံးတန်းကျောင်းသား ၂ဦး ၊ လေးတန်းကျောင်းသား ၃ဦး ၊ ငါးတန်းကျောင်းသား ၅ဦး ၊ ခြောက်တန်းကျောင်းသား ၁ဦး ၊ခုနှစ်တန်းကျောင်းသား ၂ဦးတို့အား အြမြ်မေမှတ်မိနိုင်လောက်အောင် အကြိမ်ကြိမ် စာသင်ကျောင်းရုံးခန်းနှင့် သူ၏နေအိမ်တို့၌ အလိုမတူပဲ အတင်းအဓမ္မ လိင်တူကာမဆက်ဆံခဲ့ကြောင်းစစ်ဆေးပေါ်ပေါက်ခဲ့သဖြင့် ကျောင်းသား(၁၇)ဦးအား အလိုမတူဘဲ လိင်တူကာမ ဆက်ဆံခဲ့သူ သက်ဇော်အောင်အား ဥပဒေအရအရေးယူပေးပါရန် ကျောင်သားမိဘများ၏ ကိုယ်စား မုက္ကလကျောင်းကော်မတီဥက္ကဌဦးဝင်းဇော်မှ ဇန်နဝါရီလ ၂၂ရက်နေ့ ညပိုင်းတွင် တရားလို ပြုလုပ်တိုင်တန်းခဲ့ပါသည်။
ဖြစ်စဥ်နှင့်ပက်သက်၍ ပဲခူးမြို့မရဲစခန်းမှ(ပ)၄၁/၂၀၂၅၊ ရာဇသတ်ကြီးပုဒ်မ-၃၇၇ဖြင့် အမှုဖွင့်စစ်ဆေးဆောင်ရွက်ဆောင်ရွက်လျှက်ရှိပြီး လက်ရှိတွင် သက်ဇော်အောင်အား ဖမ်းဆီးကာ စစ်ဆေးစုံစမ်းလျှက်ရှိသည်။
#PAN #မုဒိန်းမှု #ပဲခူး