(မှုခင်း) ဒီဇင်ဘာ ၃၁
တအောင်းလက်နက်ကိုင် အကြမ်းဖက်သောင်းကျန်းသူ မန္တလေးတိုင်းဒေသကြီး မိုးကုတ်မြို့နယ်တွင် နေအိမ်ဓားပြတိုက်မှုများ ဖြစ်ပေါ်နေသည်ဟု သိရသည်။
မိုးကုတ်မြို့နယ် (၇)မိုင်ကျေးရွာတွင် ပြီးခဲ့သည့် ဒီဇင်ဘာလ ၁၉ ရက်နေ့က နေအိမ် (၁)လုံးသို့ အမျိုးသားနှစ်ဦးမှ ဝင်ရောက်ဓါးပြတိုက်ခဲ့ပြီး နေအိမ်အတွင်းရှိ စိန်ရွေရတနာများကို ယူဆောင်းသွားခဲ့သည်ဟုလည်း သိရသည်။
အဆိုပါ အမည်မသိလူ (၂)ဦးသည် TNLA စစ်ဝတ်စုံ အဝတ်အစားဝတ်ဆင်ကာ သေနတ်(ပစ်စတို) တစ်ယောက်တစ်လက် ကိုင်ဆောင်ပြီး ( ၇)မိုင်ကျေးရွာရှိ နေအိမ် (၁)အိမ်အတွင်းကို ဝင်ရောက်ခဲ့ကြသည်ဟု သိရသည်။
ဓါးပြတိုက်ခံရသည့်နေအိမ်သည် ဦးဂျဲတ်ဂတ်ဗဟာဒူး.ဆိုသူ၏ နေအိမ်ဖြစ်ပြီး ရွှေ ၂၀ကျပ်သား၊ စိန်လက်စွပ် ၅ ကွင်း၊ ကျောက်စိမ်း ၂ လုံး၊ ချယ်အပွင့်နားကပ် ၁ ခု၊ ရံရွှေနားကပ် ၁ ခု၊ ကျောက်နှစ်လိုင်းပါလက်စွပ် ၁ ကွင်း၊ ကျောက် ၁ ထုပ်၊ ဖုန်း ၁ လုံးနှင့် ဆိုင်ကယ် ၁ စီး စသည့်ပစ္စည်းများကို ယူဆောင်သွားခဲ့ကြသည်ဟုလည်း သိရသည်။
#PAN