(ပြည်တွင်း) ဒီဇင်ဘာ ၃၁
စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူမြို့နယ်၊ ဆားကုန်းကျေးရွာအတွင်းသို့ PDF အကြမ်းဖက်သမားများက ဗုံချတိုက်ခိုက်ခဲ့သဖြင့် ကျေးရွာသူ အမျိုးသမီးတစ်ဦးသေဆုံးသည်ဟု သိရသည်။
ပြီးခဲ့သည့် ဒီဇင်ဘာလ ၂၉ ရက်နေ့ နံနက် ၉နာရီ ၃၀ခွဲအချိန်ခန့်တွင် Drone အသုံးပြုပြီး Drop Bomb များ ပစ်ချတိုက်ခိုက်ခဲ့သဖြင့် အဆိုပါကျေးရွာနေ အပြစ်မဲ့ပြည်သူ အမျိုးသမီး ၁ ဦး ဗုံးစထိမှန်ဒဏ်ရာများဖြင့် သေဆုံးခဲ့ကာ အမျိုးသား ၅ ဦးနှင့် အမျိုးသမီး ၈ ဦးတို့တွင် ဗုံးစထိမှန် ဒဏ်ရာများရရှိခဲ့ကြသည်ဟုလည်း သိရသည်။
ဗုံးစထိမှန် ထိခိုက်ဒဏ်ရာရရှိခဲ့သူများအား ကန့်ဘလူမြို့ နယ် ပြည်သူ့ဆေးရုံသို့ ပို့ဆောင်ဆေးကုသမှုခံယူလျက်ရှိကြောင်း သိရသည်။
Telegram»…
https://t.me/positiveanglenews