(ပြည်တွင်း) ဒီဇင်ဘာ ၃၁
မြင်းခြံ-နဘူးအိုင် ကားလမ်းပိုင်းပေါ်သို့တက်ကာ မော်တော်ယာဥ်များအား စစ်ဆေးနေသည့် PDF အကြမ်းဖက်အဖွဲ့ကို တပ်မတော်စစ်ကြောင်းက ဝင်ရောက် ရှင်းလင်းခံရသည့်အတွက် ကင်းသမားအချို့ကို အသေဖမ်းဆီးရမိခဲ့သည်ဟု သိရသည်။
ဒီဇင်ဘာလ ၃၀ ရက်နေ့က မန္တလေးတိုင်းဒေသကြီး မြင်းခြံခရိုင် အကြမ်းဖက် PDF အမှတ် (၅) တပ်ရင်းမှ အဖွဲ့ဝင်တစ်ချို့သည် မြင်းခြံ-နဘူးအိုင် ကားလမ်းမသို့တက်ရောက်ကာ ကားများကိုတားဆီး စစ်ဆေးနေစဥ် အဖွဲ့ဝင်အချို့မှာ ကားလမ်းမဘေးရှိ ကျောက်ကန်ရွာထိပ် ဇရပ်တွင် ကင်းစောင့်နေစဥ် ပစ်ခတ်ရှင်းလင်းခံခဲ့ကြရခြင်းဖြစ်ကြောင်း သိရသည်။
အကြမ်းဖက်အဖွဲ့များ၏ သတင်းများတွင် ၁၇ ယောက်ပါ တပ်မတော်လုံခြုံရေးအဖွဲ့များမှာ မော်တော်ယာဥ်တစ်စီးဖြင့် ရောက်ရှိလာပြီး ၎င်းတို့စစ်ဆေးသည့်နေရာအားကျော်လွန်ပြီးသည့်နောက် ကင်းစောင့်နေသည့် PDF အဖွဲ့ဝင် ၄ ဦးအား ပစ်ခတ်ခဲ့သည့်အတွက် ၂ ဦးသေဆုံးသည်ဟု ပြောဆိုထားသည်။
မြင်းခြံ-နဘူးအိုင် ကားလမ်းပိုင်းတွင် ယခုကဲ့သို့ အကြမ်းဖက် PDF များ၏ စစ်ဆေးရေးဂိတ်တချို့ရှိနေပြီး ခရီးသွားမော်တော်ယာဥ်များအား စစ်ဆေးခြင်း ဆက်ကြေးတောင်းခံခြင်း ဖမ်းဆီးခြင်းများပြုလုပ်လျှက်ရှိကြောင်း သိရသည်။
#PAN