(နိုင်ငံတကာ) ဒီဇင်ဘာ ၂၇

အိန္ဒိယဝန်ကြီးချုပ်ဟောင်း မန်မိုဟန်ဆင်းသည် ဒေလီမြို့ရှိ ဆေးရုံတွင် ကွယ်လွန်ခဲ့ကြောင်းသိရသည်။
မန်မိုဟန်ဆင်သည် အိန္ဒိယနိုင်ငံ၏ သက်တမ်းရှည် ဝန်ကြီးချုပ်များမှ တစ်ဦးဖြစ်ပြီး ၂၀၀၄ ခုနှစ်မှ ၂၀၁၄ ခုနှစ်အထိ ဝန်ကြီးချုပ်တာဝန်ကို ထမ်းဆောင်ခဲ့သည်။
ထို့အပြင် BRICS နိုင်ငံများအဖွဲ့ကိုလည်း ၂၀၀၉ ခုနှစ်တွင် ပူးတွဲတည်ထောင်ခဲ့သူလည်းဖြစ်ပြီး အိန္ဒိယနိုင်ငံ၏ စီးပွားရေးဗိသုကာအဖြစ် တင်စားခံရသူလည်းဖြစ်သည်။
၎င်းသည် အော့က်စ်ဖို့ တက္ကသိုလ်မှ စီးပွားရေးဆိုင်ရာ ပါရဂူဘွဲ့ကို ရရှိခဲ့ပြီး ကုလသမဂ္ဂနှင့် အိန္ဒိယအစိုးရလက်အောက်ရှိ အရေးပါသည့် ရာထူးများတွင် တာဝန်ထမ်းဆောင်ခဲ့သူဖြစ်သည်။
မိုမန်ဟန်ဆင်ကို ပါကစ္စတန်နိုင်ငံ ပန်ဂျပ်ပြည်နယ်တွင်မွေးဖွားခဲ့ပြီး အိန္ဒိယနိုင်ငံအတွင်းမှ ပါကစ္စတန်ခွဲထွက်သွားချိန်တွင် အိန္ဒိယနိုင်ငံအတွင်းသို့ ပြန်လည်နေထိုင်ခဲ့ကာ နိုင်ငံ၏ ပထမဦးဆုံးသော ဆစ်ခ်လူမျိုး ဝန်ကြီးချုပ်လည်းဖြစ်လာသည်။
အသက် ၉၂ အရွယ် မိုမန်ဟန်ဆင်၏ သေဆုံးမှုအတွင် လက်ရှိဝန်ကြီးချုပ် မိုဒီအပါအဝင် ထင်ရှားသူများက အမှတ်တရစကားများ ရေးသားဖော်ပြခဲ့ကြပြီး ကွယ်လွန်ချိန်တွင် ၎င်း၏ဇနီးနှင့် သမီး ၃ ဦးကျန်ရစ်ခဲ့ကြောင်းသိရသည်။
Telegram»…
https://t.me/positiveanglenews