အမရပူရမြို့နယ်၊ခေတ်သစ်မနောကားဂိတ်တွင် LED မီးသီး အပူလွန်ကဲရာမှ မီးလောင်မှုဖြစ်ပွား


(မှုခင်း)ဒီဇင်ဘာ ၁၂

မန္တလေးတိုင်းဒေသကြီး၊ အမရပူရမြို့နယ်၊ နတ်ရေကန်ကျေးရွာအုပ်စုရှိ ပြည်ကြီးမင်္ဂလာကားကြီးကွင်းအတွင်း ၁၂×၆၀ ပေ၊ ၆ ခန်းတွဲ၊ ၂ ထပ်၊ သွပ်မိုး၊ အုတ်ကာ၊ကွန်ကရစ်ခင်းတိုက်တန်းမှ အခန်အမှတ် U-5 ရှိ ခေတ်သစ်မနော၊ မန္တလေး-မြစ်ကြီးနားကားဂိတ်(၄၀×၆၀ပေ)တွင် ယနေ့နံနက် ၂ နာရီခွဲအချိန်ခန့်က မီးလောင်မှုဖြစ်ပွား သဖြင့် မီးသတ်တပ်ဖွဲ့ဝင်များမှ သွားရောက်ငြိမ်းသတ်ခဲ့ရာ နံနက် ၃ နာရီကျော်အချိန်တွင် မီးငြိမ်းသွားခဲ့ကြောင်း သိရသည်။

မီးလောင်မှုဖြစ်စဥ်မှာ ခေတ်သစ်မနောကားဂိတ်တွင် အောက်ထပ်မျက်နှာကျက်ရှိ LED မီးသီး အပူလွန်ကဲ၍ အောက်ရှိ မွေ့ယာပေါ်သို့ မီးပွားကျရာမှ မီးလောင်ကျွမ်းမှု ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း မီးသတ်တပ်ဖွဲ့ထံမှ သိရသည်။

အဆိုပါ မီးလောင်မှုကြောင့် ၄၀×၆၀ ပေ၊ ၆ ခန်းတွဲ၊ ၂ ထပ်၊ သွပ်မိုး၊ အုတ်ကာ၊ ကွန်ကရစ်ခင်း အဆောက်အဦး၊ ကုန်ပစ္စည်းဆုံးများ၊ ကားဂိတ်အပြင်တွင် ရပ်တန့်ထား သော၊ Nissan Diesel ၁၂ ဘီးယာဥ်၏ ခေါင်းပိုင်းပျက်ဆီးဆုံးရှုံးခဲ့ပြီး၊ မီးလောင်မှုနှင့်ပတ်သက်၍ ကားဂိတ်တာဝန်ရှိသူ ဦးကျော်မင်းခိုင်၊ ၄၁ နှစ်၊(ဘ)ဦးခင်မောင်ညွန့် အား အမှုဖွင့်အရေးယူ ထားကြောင်း သိရသည်။

Telegram»…
https://t.me/positiveanglenews

PAN