ကန့်ဘလူမြို့နယ် စံပါယ်နံ့သာစစ်ဆေးရေးဂိတ်တွင် အကြမ်းဖက် PDF များ၏ ခဲယမ်းနှင့် ဆက်စပ်ပစ္စည်းများသိမ်းဆည်းရရှိ


(ပြည်တွင်း) ဒီဇင်ဘာ ၁

ယမန်နေ့ နေ့လည် ၁၂ နာရီအချိန်ခန့်တွင် စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူမြို့နယ် စံပါယ်နံ့သာ စစ်ဆေးရေးဂိတ်တွင် အကြမ်းဖက် PDF ကားတစ်စီး ဖမ်းဆီးရမိကြောင်း မြေပြင်သတင်းအရ သိရသည်။

စံပါယ်နံ့သာ စစ်ဆေးရေးဂိတ်တွင် လုံခြုံရေးတာဝန်ထမ်းဆောင်နေသည့် လုံခြုံရေးအဖွဲ့များသည် သတင်း အရ မြစ်ကြီးနား-ရွှေဘိုကားလမ်းအတိုင်း မောင်းနှင်လာသော Toyota Hilux (ခဲရောင်)ကား ၁ စီးအား စစ်ဆေးရန် ရပ်တန့်ခိုင်းရာတွင် ရပ်တန့်မှုမရှိဘဲ နောက်သို့ပြန်လှည့်မောင်းသွားသဖြင့် လုံခြုံရေးအဖွဲ့များမှ ပစ်ခတ်ဖမ်းဆီးရာ ယာဉ်မောင်းမှာ ထွက်ပြေးလွတ်မြောက်သွားခဲ့ပြီး ၎င်းယာဉ်ပေါ်တွင် သယ်ဆောင်လာသည့် လက်နက်ခဲယမ်းပစ္စည်းများ သိမ်းဆည်းရရှိခဲ့ကြောင်း သိရသည်။

သိမ်းဆည်ရမိသော ပစ္စည်းများမှာ ၅.၅၆ မမကျည် ၁၈၂၉ တောင့်၊ ၇.၆၂ မမကျည် ၂၀၁၉ တောင့်၊ ၄၀ မမ ဗုံးသီး ၅၀ လုံး၊ ၆၀ မမဗုံးသီး ၂ လုံး၊ ၇၃ မမဒုံးသီး ၂ လုံး၊ ၇၃ မမဒုံးသီး(ပို့ကျည်) ၃ ခု၊ တရုတ်ကြိုးဆွဲလက်ပစ်ဗုံး ၅၉ လုံး၊ အမ်ဂျီ-၁ လက်ပစ်ဗုံး ၂ လုံး၊ ကျည်အိမ်မျိုးစုံ ၄၇ ခု၊ အိုင်ကွန်(အားသွင်းခုံပါ) ၂ လုံး၊ KIA အလံ ၁ ထည်၊ ပြောက်ကျားယူနီဖောင်း ၁၁၀ စုံ၊ ပြောက်ကျားဦးထုပ် ၃၀ လုံး၊ ကျည်ကာအင်္ကျီ ၂ ထည်၊ ပြောက်ကျား Equipment ၃၀ စုံ၊ ခါးပတ်ကြီး ၅၀ ခု၊ လည်တိုဖိနပ် ၁၅ ရံ၊ စောင်စိမ်း ၁၅ ထည်၊ လည်စည်း ၁၀ ထည်၊ ခေါက်ဆိုလာ(သေး) ၁ ချပ်နှင့် Toyota Hilux (ခဲရောင်) ၁ စီးတို့သိမ်းဆည်းရရှိခဲ့ကြောင်း သိရသည်။

Telegram»…
https://t.me/positiveanglenews

PAN